လက်ရုံး ဂိုထောင်ထဲမှ ပြန်လာပြီး အလုပ်ခန်းထဲလုပ်စရာ ရှိသည်များ လုပ်နေစဉ်...

"လက်ရုံး...ဒီမှာ လချုပ်စာရင်း.."

"ကိုမိုးဇော် ..နောက်ကျတယ်နော်"

ပြောစရာရှိသည်တော့ ပြောထားရမည်ဖြစ်သည်။ခုက တစ်နာရီလောက် နောက်ကျနေတာ။ဦးမာန်ရှိန် မလာနိုင်သည့် ရက်တွေဆို သွန်ချင်တိုင်း သွန် မှောက်ချင်တိုင်းမှောက်နေသည်လား မသိ။

"ဆောရီးကွာ...သူဌေးကတော့ ဖုန်းဆက်ပြောထားတာပဲ ...အရေးမကြီးဘူးထင်လို့"

"အရေးကြီးပါတယ်...အလုပ်တိုင်းက အရေးကြီးတယ် ဘယ်အရာမှ ပေါ့ပျက်ပျက်လုပ်လို့မရဘူး
ကိုမိုးဇော်လည်း သိမှာပါ.."

အရေးမကြီးဘူး ဆိုသည့်စကားက ဘာပါလဲ။ဦးမာန်ရှိန် မဟုတ်လို့ မထီမဲ့မြင်ပြုခြင်းလား။ကိုယ့်ကို မလေးစားရင်တောင် အလုပ်ကိုတော့ လေးစားသင့်သည် မဟုတ်လား။

ကိုမိုးဇော် ကြည့်ရတာ လက်ရုံးကို မလိုသလိုပင်။စိတ်ထင်တာလားတော့ မသိ။မိမိက သူများပေါ်လဲ မရိုးမသား ဘယ်တော့မှ မလုပ်။မိမိပေါ် မရိုးသားတာရှိလဲ မသိစိတ်ကကို အလိုလိုသိနေသလိုမျိုး။

ဘာလဲ သူ့နေရာ ၀င်ယူသွားမည်ကို စိုးနေ၍လား။တန်းစီစရာရှိလျှင်တောင် မိမိက ရှေ့ကျော်တတ်တာမျိုး ဝါသနာမပါ။တကူးတကဆို ပိုဆိုးသေး။

"အင်း...ပေးပြီးပြီဆိုတော့
ငါသွားပြီ "

"ဟုတ်...သွားပါ "

ကိုမိုးဇော်ရဲ့ ပြောဆိုပြုမူပုံတွေကို မကြိုက်သော်လည်း စီနီယာ တစ်ယောက်ဖြစ်သည်မို့ မချစ်သော်လည်း အောင့်ကာနမ်းရပါသည်။လက်ရုံးကို ဘာအကြောင်းနှင့် အမြင်စောင်းနေသည်မသိ။မိမိက လူချစ်လူခင် မပေါသော်လည်း လူမုန်းတော့မများသောသူ။ကိုယ့်ကိုမလိုသောသူတွေ့ရင် စိတ်က ကသိကအောက်။ကိုယ်က ဘာမှမလုပ်ရပါပဲနှင့် သပုတ်လေလွင့်ပြောခံရမည်ကို အကြောက်ဆုံး။စကားနည်းတာ မဟုတ်ဘူး အမှားနည်းအောင် မပြောပဲနေတာ။

အာ့ကြောင့် အမေကပြောတာ 'ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူးဆိုပြီး အရာရာကို လျှော့တွက်လို့မရဘူး၊ပတ်ဝန်းကျင်က ရွှေ့ရင် ကိုယ်ကောင်းလဲ ရွေ့ရတာပဲ 'တဲ့။လက်တွေ့ကြုံရတော့ သွေးထွက်အောင် မှန်နေတာပဲ။တိုးတိုးပြောသောစကားက အကျယ်လောင်ဆုံး ဖြစ်ဖြစ်သွားတတ်လို့ စကားတစ်ခွန်းတောင် အမှားပါသွားမည်စိုး၍ ချိန်ဆပြောနေရသည်။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now