Part - 9 (Zg + Uni)

Start from the beginning
                                    

" မမလေး က ဘာမှမဖြစ်ပါဘူး ကြီးမေရဲ့ ...
ဟုတ်တယ်မလား မမလေး "

" မော်မော် ဘာတွေ ငန်နေတာလဲ ညည်းကို
ငါ မမေးဘူး....!!! မမလေး ကို မေးနေတာ
အသာနေစမ်း....!!! "

" ဟုတ်ကဲ့ ကြီးမေ "

မော်မော် က ဝင်ဖြေတာကို ကြီးမေ က ငေါက်
လိုက်တော့ သူ့ခမျာ မျက်နှာလေး ငယ်သွားရှာသည်။
သား မကြည့်ရက်တာနဲ့ ကြီးမေ ဘက် လှည့်ပြီး....

" မငေါက်ပါနဲ့ ကြီးမေရဲ့.....မော်မော် ပြောတာ
မှန်ပါတယ် သား ဘာမှ မဖြစ်ပါဘူး....
သား ဒီဓာတ်ပုံတွေကို အမြင်ကပ်လို့ ခွဲပစ်​လိုက်တာ
ဒါနဲ့ သား မာမီ နဲ့ သား ဓာတ်ပုံလေးရော "

" စတိုခန်းထဲမှာ ကြီးမေ သိမ်းထားပေးတယ်
မမလေး... ."

" ဒီမှာရှိနေတဲ့ သားတို့ ဓာတ်ပုံ ကို ဒယ်ဒီ က ဖြုတ်ခိုင်း
တာလား ကြီးမေ "

" ဟင့်အင်း မဖြုတ်ခိုင်းဘူး မမလေး
ဟို သားမိ သူ့ဟာသူ ဖြုတ်တာ....
သခင်ကြီးက သိတောင် မသိဘူး "

ဒီလိုဆိုတော့လည်း သား စိတ်ထဲ အနည်းငယ်
သက်သာရာ ရသွားသည်။

" မမလေး.... ဒီအိမ်မှာ မမလေး လာနေပါလား
ဟိုသားမိက အကြင်နာတရား မရှိဘူး
အိမ်ကို ပွစိလန်တက်အောင် အမြဲလုပ်နေကြတာ
မော်မော် နဲ့ ကြီးမေမှာ ညဆို မနားရဘူး
သူတို့ ခိုင်းတာတွေကို လုပ်ပေးနေရတယ်
ဒါတင်မကဘူး ကြီးမေ ကိုလည်း
သူတို့က အသားကုန်ခိုင်းတာ... .ကြီးမေ
ဘာလုပ်လုပ် သူတို့က ပြန်ပြန်ဖွပြီး
ပြန်ပြန်ခိုင်းနေကြတာ.. ...အခု မမလေးတို့
ဓာတ်ပုံကို သူတို့ ဖြုတ်တုန်းကဆို
မော်မော် နဲ့ ကြီးမေ က ဝင်တားတယ်လေ
အဲ့ဒါ ကြီးမေ ကို သူတို့က တားလို့ဆိုပြီး
တွန်းပစ်လိုက်​တယ်​ မော်မော် ကိုတော့ သူတို့က
ပါးရိုက်သွားတယ်...... ''

" တောက်စ်.. .!!! "

သား အရမ်းချစ်ရတဲ့ ကြီးမေ နဲ့  မော်မော် ကို
ဒေါ်သက်ချို တို့ သားမိ လုပ်တာသိလိုက်
ရတော့ ရင်ထဲ လူသတ်ချင်စိတ်ပေါက်လာမိသည်။

" မော်မော် နင် ဘာတွေ လျှောက်ပြောနေတာလဲ..? ?
မမလေး စိတ်တိုအောင် "

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Where stories live. Discover now