အပိုင်း ၂၁

Start from the beginning
                                    

" သူမကို သူမအိမ်က လုံးဝစိတ်ပူနေမှာမဟုတ်ဘူးလို့ ကိုယ်သေချာပြောရဲတယ်... မကြာခင် သူမ ပြန်လာပါလိမ့်မယ်... မင်း အတွေးများမနေနဲ့...သူများအကြောင်းတွေပဲစိတ်ဝင်စားမနေနဲ့. ကိုယ့်ကိုကိုယ်လဲဂရုစိုက်..အခုလိုလုပ်နေတာတွေရပ်လိုက်တော့..နောက်ကျမင်းပဲ ေနာင်တရလိမ့်မယ်..အဖြစ်အပျက်တခုကို ရေရေရာရာမသိပဲ လမ်းလွဲလိုက်နေတာတော်လိုက်တော့.. မကြာခင် အ​ဖြေတခုက ရှင်းရှင်းလင်းလင်းကြီး ေပါ်လာတော့မှာ..."

" ဘာအကြောင်းလဲ?..ကျုပ်က ဘာလုပ်နေလို့လဲ?..ဟာ ဟေ့လူ ပြောသွားဦးလေ သေသေချာချာ... ဟေ့လူ... "

နောက်ပြန်လက်ပြရင်း ထွက်သွားသောသူအား ကြည့်ရင်း စိတ်ကောက်မိသည်။
...ဘာ စိတ်ကောက်တယ် ၊ မှားနေတယ်ကွ ဒေါသထွက်တာလို့ ပြောရတယ်ဟဲ့....

ယုကီအီ စိတ်ထဲအစာမကျေဖြစ်နေစဥ် ဖုန်းမြည်သံထွက်ပေါ်လာသည်။ ပေါ်လာသောနံပါတ်များ​ကြောင့် ယုကီအီ မျက်နှာ​ပြောင်းလဲသွားသည်။

" ဟုတ်ကဲ့ ဆရာ... ကျနော်လဲမသိပါဘူးဆရာ..သတင်းအစအနမရပါဘူး....မဟုတ်ပါဘူး... ဒီအတိုင်းသိနေတဲ့အသိတယောက်ပါ..တွေ့တုန်း နှုတ်ဆက်ရုံပါ...ဘာမှမဖြစ်ပါဘူးဆရာ..ကျနော်နားလည်ပါတယ်.. မင်းသားကိုလဲရှာနေပါတယ်...သူ့သတင်းတော့မရသေးပါဘူး... ဒီမှာရှိတယ်လို့ပဲသိထားပါတယ်..ဟုတ်ကဲ့.ကျနော်ကြိုးစားပါ့မယ်..စိတ်ချပါဆရာ... "

..........
သတိမေ့နေတာ တပတ်​ကျော်အကြာမှာ အခန်းကျယ်ကြီးတခုရဲ့အလယ်မှာရှိတဲ့ king size ကုတင်ကြီးပေါ်မှာ သတိမေ့အိပ်မောကျနေတဲ့ပိုင်ဝေ့ရှင်းတယောက် သတိရလာလေသည်။အဖြူရောင်လိုက်ကာစလေးတလွင့်လွင့်နေသောမှန်ပြတင်းပေါက်မှတဆင့် နွေးထွေးသောနေရောင်ခြည်လေးဟာ ပိုင်ဝေ့ရှင်းကိုယ်ပေါ်ကျလာသည်။ မူးနောက်နောက်ဖြစ်နေသောခေါင်းအား လက်တဖက်ဖြင့် ထောက်ကိုင်ကာ ရင်းနှီးမှုမရှိသောပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
သေချာတာကတော့ သူမ့အခန်းမဟုတ်တာလုံးဝသေချာသည်။ အနက်ရောင်နဲ့အဖြူရောင်ဖြင့်သာ အလှဆင်ထားသောအခန်းကျယ်ကြီးအလယ်က ကုတင်တခုပေါ်ကို သူမရောက်နေမှန်းသတိထားမိသည်။ ဘေးပတ်လည်မှာ အဆင့်အတန်းမြင့်အသုံးအဆောင်များတွေ့ရသဖြင့် သူမရဲ့အခန်းမဟုတ်မှန်းလုံးဝကိုကွက်တိသေချာသည်။ သတိမလစ်ခင်အုဖစ်အပျက်များအား ပြန်တွေးကြည့်သော်လည်း ဘာမှသတိရလာခြင်းမရှိချေ။

ချစ်သောဗီလိန်လေး 2  (Ongoing)Where stories live. Discover now