"အခု ကိုယ်သွားပေးမှာမို့ အရမ်းကြီးစိတ်တိုမနေပါနဲ့။
နောက်နေ့မှ ပြန်တွေ့မယ်နော်.."မျက်နှာတစ်ချက်မပျက်ပြောပြီးလှည့်ထွက်သွားတဲ့ ကျောပြင်ကို နာနာကျင်ကျင်ကြည့်လို့ ရေရွတ်မိတယ်။
"အရူးကောင်"
ဘတ်ဟျွန်းက ရပ်နေတဲ့နေရာမှာရှိတဲ့ လက်ရန်းတွေကို စိတ်ရှိလက်ရှိ ထုရိုက်လိုက်တယ်။ မွန်းကြပ်လာတဲ့ စိတ်အစုံကို လွှတ်ထုတ်နိုင်ဖို့ သူစီးကရက်တစ်လိပ်လောက် လိုချင်တယ်။ ဘောင်းဘီအိပ်ကပ်ထဲ လက်နှိုက်ပြီး စီးကရက်ဘူး လေးထုတ်လိုက်တယ်။ မီးခြစ်တစ်ဖက်ကကိုင်လို့ စီးကရက်တစ်လိပ်မြန်မြန်ထုတ်လိုက်ပေမယ့် သူယူလိုက်တဲ့ စီးကရက်ဘူးက ဗလာသက်သက်။
"ကျစ်"
လုံးခြေပစ်ထုတ်လိုက်တဲ့ စီးကရက်ဘူးလေးဟာ လှိုင်းတွေပေါ်မှာ တစ်ရွေ့ရွေ့။ စိတ်ရှိလက်ရှိ ပေါက်ကွဲထုတ်ပြစ်လိုက်ရင် ဘတ်ဟျွန်း ရူးသွားနိုင်တယ်။ ဒါကြောင့် သူစီးကရက်တစ်လိပ်လောက်လိုချင်တယ်။
စိတ်ပျက်လက်ပျက် ရှုပ်ထွေးနောက်ကျိနေတဲ့ အာရုံအစုံရဲ့နောက်မှာ မျက်စိရှေ့ရောက်လာတဲ့ စီးကရက်တစ်လိပ်။ တိတိကျကျပြောရရင် Dunhill စီးကရက်တစ်လိပ်။ ပုံမှန်ဆို အရသာပေါ့ပျက်ပျက်ရှိလှပြီး ဈေးလဲပိုတဲ့ Dunhill ကို သူမသောက်ဖြစ်ပေ။ ဘတ်ဟျွန်းပုံမှန်သောက်နေကျက Marlboro ဖြစ်တယ်။ ဒါပေမယ့် သူအခု အဲ့တာတွေ စဉ်းစားဖို့ထက် စီးကရက်တစ်လိပ်မြန်မြန်ခဲရဖို့သာ အရေးကြီးတာမို့ ပါးစပ်မှာ တေ့လိုက်တယ်။ လက်တစ်ဖက်က မီးခြစ်ကို မီးညှိဖို့ မြှောက်လိုက်တုန်းမှာပဲ မီးညှိပေးနေတဲ့ အကြောစိမ်းတွေနဲ့ လက်ဖျံတစ်စုံ။ ခေါက်တင်ထားတဲ့ လက်ရှည်အဖြူရဲ့အောက်မှာ တစ်စွန်းတစ်ပေါ်နေတဲ့ Tatto တွေ။ ရာသီခွင်တွေရယ် ပြီးတော့ မျောက်ပုံလိုလို တစ်ခုရယ်။ ပြီးတော့ ချွေးစတို့နဲ့ စိုနေတဲ့ ယောကျာ်းပီသတဲ့ လက်ဖျံတစ်လျှောက်ရယ်။
ဘတ်ဟျွန်းအကြည့်တွေ ထိုသူ့မျကိနှာဆီအရောက်မှာတော့ ဖြတ်ရိုက်ခံလိုက်ရသလို ဆစ်ခနဲ။ သူ့ရဲ့မျက်နှာတည့်တည့်ကို စီးကရက်ငွေ့တွေ အလုံးလိုက်မှုတ်ထုတ်ပစ်လိုက်တော့ တဟွတ်ဟွတ်အဆက်မပြတ်ဆိုးနေတဲ့ ချောင်းတွေ။
![](https://img.wattpad.com/cover/313049045-288-k800212.jpg)
YOU ARE READING
MINE(Completed)
Fanfiction**Mine** တစ်ယောက်က နာကျင်မှုကို စီးကရက်ငွေ့တွေလို ရှိုက်ထုတ်ပြစ်လိုက်တယ်🚬🚬 နောက်တစ်ယောက် ဘရန်ဒီတစ်ပုလင်းလို မြုချလိုက်တယ်🍾🍾 ဒါဆိုရင် အချစ်ဟာ ဘယ်လိုအရသာပါလဲ.....????