ငယ်သေးတဲ့ ငါ့နှလုံးကို မင်းကိုယ်တိုင်ပေးခဲ့ စိတ်ဒဏ်ရါတွေ ခုထိ အနာမကျက်သေးဘူးချန်း။ ငါ အချစ်ကို မဟုတ်ဘူး မင်းကို။ မင်းကို ငါမယုံရဲတာ။
ငါ့ရဲ့ ဘဝပါလို့ ပြောထားပါရက် ထားရစ်ခဲ့တဲ့ မင်းကိုငါ ဘယ်နှလုံးသားနဲ့ ထပ်ယုံကြည်ရဲပါ့မလဲ။ ငါ့မျက်စိရှေ့က မင်းက အတိတ်တွေတုန်းက ငါ့ရဲ့အရာရာဖြစ်ခဲ့ဖူးတဲ့ ချန်းလို မထားခဲ့ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ ငါဟာ ငါ့စိတ်နဲ့ငါ အရူးရင့်နေတာ ချန်း။ မင်းကို သေလောက်အောင် ပြန်လိုချင်နေတဲ့ စိတ်နဲ့အတူ ငါမင်းကို ပြန်မလိုချင်တော့တဲ့ စိတ်ရဲ့ မျှခြေဟာ ညီမျြှခင်းပဲ။ တကယ်ဆို ငါမင်းကို ကြောက်တယ်။

"ဘတ်ဟျွန်း"

ယောကျာ်းပီသံတဲ့ သြရှရှအသံက ပင်လယ်လေတွေနဲ့အတူ ဘတ်ဟျွန်းနားစည်ကို ရိုက်ခတ်လာတယ်။
ချိုသာတဲ့ အပြုံးတွေမှာ ဘာအယောင်မှ မပါတာ ဘတ်ဟျွန်းကောင်းကောင်းသိတယ်။

"ကိုယ် ဆန်းဒဝှစ်ရှ် လုပ်လာတယ်
မင်းအရမ်းကြိုက်တယ်မလား.."

"ငါ ဆန်းဒဝှစ်ရှ် မစားဘူး.."

"ဟင်..."

"ဒီကို ဘာလာလုပ်တာလဲ"

တစ်ချက်သာ ပျက်ယွင်းသွားတဲ့ မျက်နှာကို ဘတ်ဟျွန်းက မြင်ဖြစ်အောင်မြင်လိုက်တယ်။

"ကိုယ် ...
ကိုယ် မင်းကို..."

"ထားပါ မင်းရဲ့ အကြောင်းပြချက်တွေ မသိချင်တော့ဘူး။ ဒါပေမယ့် နောက်ဆို ငါ့ကို လာမရှာပါနဲ့"

"ကိုယ်ပြောခဲ့သားပဲ ကိုယ်မင်းကို တွယ်ကပ်နေတော့မှာလို့..
မင်းဘယ်လို စကားကြမ်းကြမ်းတွေ ပြောပြော ဘယ်လိုမုန်းမုန်း ရတယ် ဘတ်ဟျွန်းနီး..
တစ်ခုပဲ မင်းကို ရှာမတွေ့နိုင်လောက်အောင်ထိ ပျောက်ကွယ်မသွားပါနဲ့.."

"ဟက် မင်းတောင် ကတိတည်ခဲ့လို့လား
ငါက ဘာကိစ္စမင်းပြောတဲ့အတိုင်း နေပေးရမှာလဲ"

"ကိုယ်တောင်းပန်ပါတယ် ဟျွန်းနီး..."

"မတောင်းပန်နဲ့
ငါလိုချင်တာ မင်းတောင်းပန်တာ မဟုတ်ဘူး..
ထွက်သွား.."

ဘတ်ဟျွန်းအသံက လိုတာထက်ပိုကျယ်သွားတာကြောင့် သင်္ဘောပေါ်က လူတစ်ချို့က ကွက်ကြည့်ကွက်ကြည့်နှင့်။ ဒါ​ပေမယ့် ဘတ်ဟျွန်းက နည်းနည်းလေးမှ ကရုမစိုက်ဘူး။

MINE(Completed)Where stories live. Discover now