မောင်ရဲ့နောင်ကြောင်း မောင့်ရဲ့အတိတ် ဘာဆိုဘာမှမသိဘဲ မောင့်ရဲ့Jeon Jungkookဆိုတဲ့ နာမည်တစ်လုံးပဲသိခဲ့တယ်...
မောင့်ကိုမို့လို့ မောင့်ဖြစ်တည်မူကို ချစ်တာမို့ ကိုယ်အမြဲမောင့်အကြောင်းတွေမသိချင်ခဲ့ဘူးမောင်...
အခုတော့ ကိုယ်မိဘတွေသေခဲ့ရတာဟာ မောင့်ပယောဂတွေမကင်းဘူးတဲ့လားမောင် တစ်ချိန်ကအကြောင်းတွေကိုပြန်မတူးဖော်လိုပါဘူး နားလည်ပေးဖို့ လမ်းတစ်လျှောက်စဉ်းစားခဲ့ပေမယ့် မရခဲ့ဘူးမောင်....
မောင်သာကိုယ်မေးတာတွေကို လက်ခံခဲ့ရင် ကိုယ်ရူးရချည်ရဲ့မောင်ရယ်..မောင်မဖြစ်စေဖို့ ဆုတောင်းခဲ့ပေမယ့် သက်သေအားလုံးဟာ မောင့်ကိုညွှန်းနေတယ် မောင့်အတိတ်အကြောင်းတွေဟာလည်း ကိုယ့်မိဘတွေနဲ့ပတ်သတ်ပြီး ကောင်းတာမရှိခဲ့ဘူး...
ကိုယ်ဘာလုပ်ရမလဲမောင်ရယ်...
"မောင်အိပ်နေရင် အေးချမ်းနေရောပဲ..ချစ်တယ်နော်မောင် အရမ်းချစ်တာ မောင်သိတယ်မို့လား..."
ချစ်တယ်ဆိုတာကိုတဖွဖွပြောရင်း နှဖူးပေါ်နူးနူးညံညံလေးအနမ်းခြွေနေတဲ့Jinတစ်ယောက်ဟာ မျက်ရည်တလည်လည်ပေါ့...
"မငိုပါနဲ့Hyungရာ..."
အခန်းအပြင်ကကြည့်နေတဲ့Hobiခဗျာ နှစ်ယောက်လုံးကိုသနားလွန်းလို့ မျက်ရည်လည်ရွှယ် Teahyungတစ်ယောက်ကတော့ ကျောလေးပုတ်ရင်း နှစ်သိမ့်သူပေါ့...
"အဆင်ပြေသွားမှာ Bossတို့နှစ်ယောက်ကို ယုံကြည်ကြရအောင်လေနော် မငိုပါနဲ့တော့ Hyungရယ်... "
"ယုံပါတယ် ဟင့် ဒါပေမယ့် ကံကြမ္မာကိုမယုံဘူး Taeရာ..."တဲ့
အမှတ်တမဲ့ခေါ်လိုက်တဲ့ Hyungနူတ်ခမ်းလှလှကထွက်လာတဲ့ ကျွန်တော့်နာမည်Taeတဲ့လေ...
"ဘာမှမဖြစ်ဘူး ယုံလိုက်ရအောင်နော် လာ..လာ.."
ရင်ခွင်ထဲဆွဲထည့်ထားသည့်တိုင် တရူတ်ရူတ်နဲ့ငိုနေတုန်း jin hyungကိုသိပ်သံယောဇဉ်ရှိရာတာ hyungငိုတော့ ကိုယ်ရူးတာပေါ့ဗျာ...
မောင့်ကိုခေါင်းအုံးပေါ်အသာချပေးပြီး ရေချိုးခြင်းကိုလုပ်ခဲ့တယ် ရေချိုးခန်းထဲက ရေကျသံတို့ဟာ ဒီနေ့မှပို၍ဝမ်းနည်းစရာကောင်းသလိုခံစားရတယ်..
"ဟူး...ကိုယ်တော့ဘာလုပ်ရမလဲမတွေးတတ်သေးဘူးမောင်ရယ်..."
အခန်းအပြင်ကုတင်ပေါ်က Jungkookတစ်ယောက်ဟာလည်း တစ်ချိန်လုံးမအိပ်သည်မို့ ရေချိုးခန်းထဲဝင်သွားသော တစ်ယောက်သောသူရဲ့နောက်ကျောလေးကိုငေးရင်း...
"မောင်လွှတ်ပေးရမလား ဒါမှမဟုတ် အတင်းအကျပ်ခေါ်ထားရမလား Hyung...ဟူးးးး"
သက်ပြင်းရှည်ကြီးအားချရင်း တစ်လောကလုံးကိုမေ့ပစ်လိုက်ကာ မအိပ်စက်နိုင်သော မျက်လုံးတို့ဟာ အတင်းမှိတ်ကာ အတွေးတွေထဲနစ်မြောရပြန်တော့တယ်....
အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးရာမရှိသည်မို့ အဖုအထစ်အားလုံးကိုတွဲယှက်ထားသော လက်တစ်စုံမြဲမှသာလျှင် ကျော်ဖြတ်နိုင်မည်သာ...
အတိတ်ကမလှပခဲ့သောအရာတို့အား မလွှတ်ချနိုင်ပါက ပစ္စုပ္ပန်မှာသာမက အနာဂတ်မှာလည်း စိတ်ချမ်းမွေ့ရာမရှိနိုင်ပါ...
ကိုယ်ပြုသည့်ကံ ကိုယ်ထံတစ်ပတ်ပြန်လည်လာမည်သာအမှန်
လာပုံချင်းမတူရင်သာမတူလိမ့်မယ် အနည်းနဲ့အများတော့ ကိုယ်တိုင်ခံစားကြုံတွေ့ရမှာ သေချာသည်မို့ လွှတ်ချသင့်တာကို လွှတ်ချပြီး စွန့်လွှတ်သင့်တာကိုအစောဆုံးစွန့်လွှတ်လိုက်တာ အကောင်းဆုံးပါ....
လာမည့်အနာဂတ်နေ့ရက်တိုင်းမှာ သာယာဖြောင့်ဖြူးစွာ ဖြတ်သန်းချင်ရင် အကောင်းဆုံးကတော့ အတိတ်ကိုအတိတ်မှာပဲထားခဲ့ပြီး ပစ္စုပ္ပန်မှာအကောင်းဆုံးနေထိုင်ပါ...
ပျိုး
