အတိတ်ကမလှပခဲ့သောအရာတို့အား မလွှတ်ချနိုင်ပါက ပစ္စုပ္ပန်မှာသာမက အနာဂတ်မှာလည်း စိတ်ချမ်းမွေ့ရာမရှိနိုင်ပါ...
ကိုယ်ပြုသည့်ကံ ကိုယ်ထံတစ်ပတ်ပြန်လည်လာမည်သာအမှန်
လာပုံချင်းမတူရင်သာမတူလိမ့်မယ် အနည်းနဲ့အများတော့ ကိုယ်တိုင်ခံစားကြုံတွေ့ရမှာ သေချာသည်မို့ လွှတ်ချသင့်တာကို လွှတ်ချပြီး စွန့်လွှတ်သင့်တာကိုအစောဆုံးစွန့်လွှတ်လိုက်တာ အကောင်းဆုံးပါ....
လာမည့်အနာဂတ်နေ့ရက်တိုင်းမှာ သာယာဖြောင့်ဖြူးစွာ ဖြတ်သန်းချင်ရင် အကောင်းဆုံးကတော့ အတိတ်ကိုအတိတ်မှာပဲထားခဲ့ပြီး ပစ္စုပ္ပန်မှာအကောင်းဆုံးနေထိုင်ပါ...
🌾ပျိူး🌾
နက်ဆွေးဆွေး အခန်းငယ်ထဲက ဖြူလျလျကိုယ်ထည်လေးဟာ ဒီနေ့မှမလိုက်မဖက်ဖြစ်နေသလို....
တက်တူးနဲ့လူမိုက်ကြီးဟာလည်း အသက်မျှရှိနေသေးသလားလို့ မေးရမည့်အဖြစ်မျိုး....
မလှုပ်မယှက်နဲ့ ချစ်ရသူရဲ့လက်ကလေးအားကိုင်ရင်း ပြိုကျတော့မယ့်မိုးလို ညို့မှိုင်းလွန်းတဲ့ မျက်နှာထားဟာ မြင်ရသူအတွက် စိတ်မကောင်းဖြစ်စေရမယ့် မြင်ကွင်းပေါ့...
ကုတင်ပေါ်ကလက်ကလေးကိုဆုပ်ကိုင်ထားရင်း ညလုံးပေါက်မအိပ်စက်နိုင်ခဲ့ပါ ...
သတိရလာလို့ သူ့ကိုရှာနေမည်စိုးလို့ထင်ရဲ့ အနားကတစ်ဖဝါးမှတောင် ရွေ့ခြင်းမရှိဘူး...
"မောင့်ကြောင့်များလား Hyungကိုအခုလိုပုံစံနဲ့မြင်ရတာ မောင်ရူးတော့မယ် မြန်မြန်သတိရပါတော့ကွာ..."
အားမလိုအားမရနဲ့ သူ့ကြောင့်များလားလို့ အကြိမ်ကြိမ်တွေရင်း ကြောက်နေမိတယအမှန်...
မုန်းသွားပြီလား မုန်းနေပြီလားလို့ တွေးထင်ရင် ပြိုလဲနေတာသူသာအသိဆုံးပါ..
လှုတ်လှုတ်ခတ်ခတ်ဖြစ်လာတဲ့ မျက်လုံးလေးတွေ လက်ကလေးတွေကြောင့် သတိရလာပြီပဲဆိုပြီး ရင်ထဲကအပူလုံးကြီးကို အခုမှလွှတ်ချလိုက်ပြီး သက်ပြင်းရှည်ကြီးချမိတော့တယ်...
