ကိုယ်ဘာလုပ်ရမလဲမောင်ရယ်...

"မောင်အိပ်နေရင် အေးချမ်းနေရောပဲ..ချစ်တယ်နော်မောင် အရမ်းချစ်တာ မောင်သိတယ်မို့လား..."

ချစ်တယ်ဆိုတာကိုတဖွဖွပြောရင်း နှဖူးပေါ်နူးနူးညံညံလေးအနမ်းခြွေနေတဲ့Jinတစ်ယောက်ဟာ မျက်ရည်တလည်လည်ပေါ့...

"မငိုပါနဲ့Hyungရာ..."

အခန်းအပြင်ကကြည့်နေတဲ့Hobiခဗျာ နှစ်ယောက်လုံးကိုသနားလွန်းလို့ မျက်ရည်လည်ရွှယ် Teahyungတစ်ယောက်ကတော့ ကျောလေးပုတ်ရင်း နှစ်သိမ့်သူပေါ့...

"အဆင်ပြေသွားမှာ Bossတို့နှစ်ယောက်ကို ယုံကြည်ကြရအောင်လေနော် မငိုပါနဲ့တော့ Hyungရယ်... "

"ယုံပါတယ် ဟင့် ဒါပေမယ့် ကံကြမ္မာကိုမယုံဘူး Taeရာ..."တဲ့

အမှတ်တမဲ့ခေါ်လိုက်တဲ့ Hyungနူတ်ခမ်းလှလှကထွက်လာတဲ့ ကျွန်တော့်နာမည်Taeတဲ့လေ...

"ဘာမှမဖြစ်ဘူး ယုံလိုက်ရအောင်နော် လာ..လာ.."

ရင်ခွင်ထဲဆွဲထည့်ထားသည့်တိုင် တရူတ်ရူတ်နဲ့ငိုနေတုန်း jin hyungကိုသိပ်သံယောဇဥ်ရှိရာတာ hyungငိုတော့ ကိုယ်ရူးတာပေါ့ဗျာ...

မောင့်ကိုခေါင်းအုံးပေါ်အသာချပေးပြီး ရေချိုးခြင်းကိုပြုလုပ်ခဲ့တယ် ရေချိုးခန်းထဲက ရေကျသံတို့ဟာ ဒီနေ့မှပို၍ဝမ်းနည်းစရာကောင်းသလိုခံစားရတယ်..

"ဟူး...ကိုယ်တော့ဘာလုပ်ရမလဲမတွေးတတ်သေးဘူးမောင်ရယ်..."

အခန်းအပြင်ကုတင်ပေါ်က Jungkookတစ်ယောက်ဟာလည်း တစ်ချိန်လုံးမအိပ်သည်မို့ ရေချိုးခန်းထဲဝင်သွားသော တစ်ယောက်သောသူရဲ့နောက်ကျောလေးကိုငေးရင်း...

"မောင်လွှတ်ပေးရမလား ဒါမှမဟုတ် အတင်းအကျပ်ခေါ်ထားရမလား Hyung...ဟူးးးး"

သက်ပြင်းရှည်ကြီးအားချရင်း တစ်လောကလုံးကိုမေ့ပစ်လိုက်ကာ မအိပ်စက်နိုင်သော မျက်လုံးတို့ဟာ အတင်းမှိတ်ကာ အတွေးတွေထဲနစ်မြောရပြန်တော့တယ်....

အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးရာမရှိသည်မို့ အဖုအထစ်အားလုံးကိုတွဲယှက်ထားသော လက်တစ်စုံမြဲမှသာလျှင် ကျော်ဖြတ်နိုင်မည်သာ...

မောင့်အရိပ်Tempat cerita menjadi hidup. Temukan sekarang