"အင်းပါ..."
"Hyung ဘာစားချင်လဲ မောင်ဘာလုပ်ပေးရမလဲ..."
"ဟင့်အင်း မစားချင်ပါဘူး မောင်အပေါ်တက်လာခဲ့..."
"ဟင်.."
"လာပါဆို..."
မောင်တစ်ညလုံးမအိပ်ရသေးတာကိုယ်သိတာပေါ့...မောင်ကအလိုက်သိရှာတယ် လက်မောင်းလေးပေးလို့ ခေါင်းအုံးစေတာ..
"မောင့်လက်မောင်းပေါ်အိပ်လေ..."
"မဟုတ်ဘူးမောင် ဒီနေ့တော့ကိုယ့်ရင်ခွင်ထဲဝင်ပြီး စိတ်ပြေလက်ပျောက်အိပ်လိုက်နော်..."
"မဟုတ်တာ မောင်ဘာမှမဖြစ်ပါဘူး Hyungနားလေနော်..."
"မရပါဘူး မောင်ကိုယ့်ရင်ခွင်ထဲမှာအိပ်ရမယ်...."
"ဟုတ်ကဲ့ပါHyungရယ်..."
ရင်ခွင်လျောဆင်းဝင်လာတဲ့မောင်ဟာ ပင်ပန်းနေမှန်းသိပ်သိသာတယ် ခဏလေးနဲ့အိပ်ပျော်သွားတယ်...
မောင်အိပ်စက်နေတဲ့အချိန်ဟာ ကြည့်လို့အကောင်းဆုံးနဲ့ချစ်စရာအကောင်းဆုံးပဲ ကိုယ်မောင့်ကိိုဒီလိုလေးပဲ အမြဲမြင်ချင်မိတယ်မောင်ရယ်....
မောင်နဲ့ကိုယ့်ကြားမှာ ဘာအကြောင်းကြောင့်နဲ့မှ စကားမများဘူး မမုန်းမပွားဖူးဘူး မငြိုငြင်ဖူးဘူး...
ကိုယ်တို့နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက်အချစ်တွေပဲပေးပြီး နားလည်မူတွေတည်ဆောက်ထားကြတာ...
မောင်ရဲ့နောင်ကြောင်း မောင့်ရဲ့အတိတ် ဘာဆိုဘာမှမသိဘဲ မောင့်ရဲ့Jeon Jungkookဆိုတဲ့ နာမည်တစ်လုံးပဲသိခဲ့တယ်...
မောင့်ကိုမို့လို့ မောင့်ဖြစ်တည်မူကို ချစ်တာမို့ ကိုယ်အမြဲမောင့်အကြောင်းတွေမသိချင်ခဲ့ဘူးမောင်...
အခုတော့ ကိုယ်မိဘတွေသေခဲ့ရတာဟာ မောင့်ပယောဂတွေမကင်းဘူးတဲ့လားမောင် တစ်ချိန်ကအကြောင်းတွေကိုပြန်မတူးဖော်လိုပါဘူး နားလည်ပေးဖို့ လမ်းတစ်လျှောက်စဥ်းစားခဲ့ပေမယ့် မရခဲ့ဘူးမောင်....
မောင်သာကိုယ်မေးတာတွေကို လက်ခံခဲ့ရင် ကိုယ်ရူးရချည်ရဲ့မောင်ရယ်..မောင်မဖြစ်စေဖို့ ဆုတောင်းခဲ့ပေမယ့် သက်သေအားလုံးဟာ မောင့်ကိုညွှန်းနေတယ် မောင့်အတိတ်အကြောင်းတွေဟာလည်း ကိုယ့်မိဘတွေနဲ့ပတ်သတ်ပြီး ကောင်းတာမရှိခဲ့ဘူး...
