"ရှောင်နန် သူ့ကို သတ်လိုက်၊ ငါတို့နဂါးမြို့တော်ရဲ့ ဂုဏ်သိက္ခာကို သက်သေပြလိုက်ကွာ"

သို့သော် တိုက်ရိုက်ထုတ်လွှင့်သည့် ဖိုရမ်များမှ မှတ်ချက်များက သနားစရာ ကောင်းလှသည်။ အဓိက ဖိုရမ်များမှ ပြန်ဖြေသော မှတ်ချက်များက အနည်းငယ်မျှသာ ရှိလေသည်။

တစ်ခဏအကြာတွင် တက်တက်ကြွကြွ ရှိနေသော လေထုက ဘာကြောင့်မှန်းမသိဘဲ တိတ်ဆိတ်လာ၏။

"လူတွေ ဘယ်ရောက်ကုန်တာလဲ၊ သူတို့အားလုံး အသတ်ခံလိုက်ရတာလား"

"ဟေ့ ငါ တိုက်ရိုက်ထုတ်လွှင့်တာကို ထောင်ချီတဲ့လူတွေနဲ့ အတူတူ ကြည့်နေတာလေ၊ ဘယ်လိုလုပ် ဒါဇင် လောက်လေးပဲ ကျန်တော့တာလဲ၊ ငါ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဖိုရမ်အတုကြီးကို ရောက်နေတာလား"

"အားလုံးပဲ ယဲ့ဘုရင်ကို ကျိန်ဆဲကြဦးလေ၊ မင်းတို့ပဲ ခုနက ပျော်နေတာ မဟုတ်ဘူးလား၊ ဘာလို့ အသံ မထွက် တော့တာလဲ"

"ပင်လယ်နက်သခင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်က နှောင့်ယှက်ခံလိုက်ရတယ် ..."

"ယင်အဆိပ် အလောင်းဘုရင်ဟာရောပဲ၊ ခုနလေးတင် ငါ ပုံတွေ့လိုက်သေးတယ်၊ ငါ ခဏလေးပဲ သန့်စင်ခန်း သွားတာကို ဘာမှမရှိတော့ဘူး၊ တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်ထဲက လူတိုင်း ပြေးကုန်ပြီ"

"မဟုတ်မှလွဲရော ..."

ရုတ်တရက် မကောင်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသဖြင့် တိုက်ရိုက် ထုတ်လွှင့်ခြင်း ဖိုရမ်ထဲမှ လူတိုင်း ဂနာမငြိမ် ဖြစ်လာကြသည်။

"ကောင်းတယ်၊ သိပ်ကောင်းတယ်၊ မင်း တကယ် လာရဲလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ မင်း ရောက်လာမှတော့ ပြန်ထွက်သွားလို့ မရနိုင်စေရဘူး"

နလန်ရှောင်နှင့် အခြားသူများအားလုံး မထီမဲ့မြင် ပြုံးလိုက်ကြသည်။ သူတို့က အေးစက်သော မျက်လုံးများဖြင့် ယဲ့ဖန်ကို စိုက်ကြည့်လာ၏။

ယဲ့ဖန်က ကြောက်စရာကောင်းသော အပြုံးမျိုး ပြုံးလိုက်ပြီး လက်ညှိုးတစ်ချောင်းကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ထိုအခါ သူ့လက်ချောင်းထိပ်မှ အနက်ရောင် အလင်းတန်းတစ်ခု ထွက်လာသည်။

ငရဲမှလာသောသူ (Chapter 1201-1400)Donde viven las historias. Descúbrelo ahora