ပုခုံးကိုလှုပ်ကာ၊ ဆံပင်ကိုခါကာ၊ ခါးကိုလှည့်ကာ၊ တင်ကိုပစ်ကာဖြင့်။

ပူပန်ကြောင့်ကြမဲ့ပါဘိ၊
ယုံကြည်ချက်ရှိပါဘိ၊ လိုစိုးနိုင်ပါဘိ၊ အထိန်းအကွပ်မဲ့ပါဘိ။

အထူးသဖြင့် မျက်နှာဖုံးနောက်တွင် ကွယ်နေသည့် မျက်လုံးများက တောက်ပလှ၏။

ဂီတသံက နှေးသွားသောအခါ ထိုယောက်ျား၏ကကွက်များမှာ ပို၍ ငြင်သာလာသည်။ သူ၏ကကွက်များကို ယခင်က မာန်ပါ၍ ဝင့်ဝါသည်ဟုပြောမည်ဆိုလျှင် ယခုအခါ ဆွဲဆောင်မှုရှိ၍ ညှို့ယူဖမ်းစားနိုင်သည်ဟု ဖော်ပြရလိမ့်မည်။

မျက်နှာဖုံးနှင့်လူက ​အင်္ကျီကိုအောက်နားမှကိုင်ကာ ခန္ဓာကိုယ်မှ ဆွဲဖွင့်လိုက်ပြီး လက်ဖြင့်တစ်ချက်လွှဲ၍ လေထဲသို့ပစ်လိုက်သည်။

လူအုပ်ကြီး၏ အားပေးသံနှင့်ဟစ်အော်သံများကား နားကွဲမတတ်ပင်။

လန်ခွမ်း မျက်လုံးမလွှဲနိုင်အောင်ဖြစ်နေကြောင်း သတိပြုမိလိုက်သည်။

သီချင်းတစ်ပုဒ်လုံးဆုံးသည်အထိ ကပွဲတွင်အင်္ကျီဖြဲလိုက်သူထံမှ အာရုံတစ်ပါး စိတ်မသွားနိုင်ခဲ့ကြောင်းလည်းတွေ့လိုက်ရသည်။

သူ၏ နှလုံးသားထဲမှ လျှံတက်လာသည့် သိမ်းပိုက်ရယူလိုစိတ်များကိုလည်း ခံစားမိသည်။

လန်ခွမ်းဆိုသည်မှာ 'ငါ့ရှေ့မှာ လာမရမ်းကားနဲ့ ပိုရမ်းကားပြလိုက်မယ်'ဆိုသည့် စည်းမျဥ်းအောက်တွင် အမြဲနေခဲ့သူဖြစ်သည်။

မဟုတ်ပါက သူ၏နာမည်နှင့် မလိုက်မဖက်ဖြစ်နေလိမ့်မည်။

ပါတီပွဲသို့ ဝင်လာစဥ်က သူ့ကိုပေးထားသော မြင်းစီးတစ္ဆေမျက်နှာဖုံးကို သူဆွဲထုတ်လိုက်သည်။
လန်ခွမ်းကိုယ့်ကိုယ်ကိုယ် ပြုံးမိ၏။ လက်တစ်ဖက်မှ မျက်နှာဖုံးကိုကိုင်ရင်း ကျန်တစ်ဖက်က လက်ရန်းကိုကိုင်ကာ လသာဆောင်မှ ခုန်ဆင်းလာခဲ့သည်။

ထိုသည်မှာ အနည်းဆုံး နှစ်ထပ်တိုက်တစ်တိုက်စာလောက်မြင့်၏။

လူတစ်ယောက် အပေါ်ကျလာသည်ကို မြင်လျှင် မော့ကြည့်နေသူတစ်ချို့ အော်လိုက်ကြသည်။
သူတို့အားလုံးတိတ်သွားပြီး လန်ခွမ်းကျလာသည့်နေရာသို့ စူးစိုက်ကြည့်လိုက်ကြသည်။

လူစားထိုး Where stories live. Discover now