ဦးနှောက်ထက် နှလုံးသားကြီးကြတဲ့ သူတွေကို
ငဒူ လို့ သတ်မှတ်တတ်ကြပေမဲ့ ငဒူလို့ စိတ်ထားမျိုး ဘယ်သူမှ မထားနိုင်ကြ။နှိုင်းကတော့...
သမုဒ္ဒရာကြီးထက် ချောင်းနံဘေးက လက်ယက်သဲတွင်းလေးကို
ပိုတန်ဖိုးထားပါတယ်။သမုဒ္ဒရာရေတွေများနေလဲ အသုံးမှ မ၀င်တာ။
နှိုင်း ကိုယ့်အတွေးနဲ့ ကိုယ် ရေချိုးခန်၀င်ပြီး သွားတိုက်မည် အပြု..
"ဟာ...အရေးနဲ့ အကြောင်းဆို
သွားတိုက်ဆေးက ကုန်နေပြန်ပါပြီ ဟူး.."မထချင် ထချင်နှင့် ထလာရသည့်ကြားထဲ လုပ်နေတာတွေကပါ အဆင်မပြေတော့ နှိုင်းပုံစံက ကြက်ကြီး လည်လိမ်နေသလို ။
သွားမတိုက်ပဲကလဲ မဖြစ်သည်မို့ အသစ်များရှိလားဆိုပြီး ရှာကြည့်သော်လည်း မတွေ့။
မတတ်နိုင်ပေ။အနီးဆုံးဆို အိမ်က ကောင်လေးပဲ ရှိသည်မို့ ထိုကောင်လေးဆီပဲ သွားရမည်။
နှိုင်းလဲ သူ့အခန်းဘက် ကူးသွားပြီး..
"လက်ရုံး ..သွားတိုက်ဆေး..
ဟင် ! "အခုမှ နှိုင်းရဲ့ ပွေးမျက်လုံးတွေက ဇီးကွက်အသွင် ကူးပြောင်းသွားရသည်။
ဒီကောင်လေး bathrobe မ၀တ်ဘူးလား။
ဒီတိုင်း အောက်ပိုင်းကို တပတ်လေးတစ်ထည်ပဲ ပတ်ထားတာ။ပတ်ထားတော့လည်း လျော့တိလျော့ရွဲ။ကြွက်သား အမြောင်းမြောင်း တွေက တမင် လှစ်ဟ ပြသထားသလို။ရေစက်လက် ကျနေသည့်ခေါင်းကို သုတ်နေသည်က နိုင်ငံခြား မင်းသားလိုလို။သူ့ကိုယ်သူ ကြော်ငြာ ရိုက်နေသည် ထင်နေသလားမသိ စလိုးမိုးရှင်း နဲ့။dryer မသုံးဘူးလား။ကြည့်ကောင်းတယ်ဆိုပြီးတမင် ရှိုးထုတ်နေတာလား။"ကြည့်လို့ ၀ပြီလား.."
"ဟင်..ဘာ...ဘာကို
ကြည့်ရမှာလဲ.."နှိုင်း ထိုကောင်လေးပြောလိုက်ကာမှ အယောင်ယောင်အမှားမှား။ခု နှိုင်းပုံစံက ရီမု နဲ့ ထိန်းချုပ်ထားသည့် စက်ရုပ်ကြီးလိုလို တံခါး၀မှာ မလှုပ်မယှက်။
YOU ARE READING
မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]
Short Story"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး"