Explain For 'MY'

2.3K 79 20
                                    

Extra Update တာမဟုတ်လို့ စိတ်ဆိုးသွားကြပြီလား။ တော်တော်များများ မေးကြတဲ့ မေးခွန်းလေးတခုကိုဖြေပေးချင်လို့ပါဗျ

အပေါ်က ငယ်လေး မေးထားတာလေးကိုရော သေချာလေးရှင်းပြချင်လို့ပါ ။အရင်ဆုံး ခုလိုစိတ်ရောကိုယ်ပါနှစ်ဝင်စီးမျောဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပေါ်က ငယ်လေး မေးထားတာလေးကိုရော သေချာလေးရှင်းပြချင်လို့ပါ ။အရင်ဆုံး ခုလိုစိတ်ရောကိုယ်ပါနှစ်ဝင်စီးမျောဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်

#ပထမ မေးခွန်း

ဘာလို့ သျှန်နဲ့ညို က Main Couple မဟုတ်ရတာလဲ ?

>>Plot စ စဥ်းစားတည်းက သျှန်ဇေရဲဇော် နဲ့ မိုးစက္ကန့်ညိုက သူငယ်ချင်း၊ပြိုင်ဘက်တွေပါ ။အပြိုင်ဆိုးကြမယ့်မာဖီးယားလူမိုက်ကြီးတွေပေါ့
ပြိုင်ဘက်ဆိုပင်မဲ့အရေးရယ်အကြောင်းရယ်ဆို စည်းလုံးသွားမယ့်သူငယ်ချင်းကောင်းတွေ

အဲ့လိုစဥ်းစားပြီးဇာတ်အိမ်တည်ခဲ့တာပါဗျ။ ရီဒါဘိန်းပန်း လေးတို့ပြောသလို သူတို့နှစ်ယောက်ကိုသာပေးညားလိုက်မယ်ဆို မင်ဂါဦးညမှာတင် နှစ်လောင်းပြိုင်တွေဖြစ်သွားမှာ (အပေါ်အောက်လုရင်းနဲ့လေ. ....u know🙄)

#ဒုတိယမေးခွန်း

သျှန်က ညို့အပေါ်အဖြူရောင်ချစ်ခြင်းသက်သက်ပဲလား ?

>>လုံးဝ(လုံးဝ)ကို အဖြူရောင်ချစ်ခြင်းနဲ့သံယောဇဉ်ပါ....  လူတိုင်းမှာအဲ့လိုမျိူးချစ်ခင်ရတဲ့သူငယ်ချင်းတယောက်လောက်တော့ ရှိမယ်ထင်တယ်...

ကိုးမှာလဲအဲ့လိုသူငယ်ချင်းတယောက်ရှိတယ် ။သူ့အကြိုက်၊သူနဲ့မတည့်တာ၊သူမိသားစုအခြေအနေ၊သူ့စိတ်အခြေအနေ...နောက်ဆုံး ပါးစပ်ကမပြောပဲနဲ့တောင် သူ့မျက်နှာအရိပ်အခြေကိုကြည့်လိုက်တာနဲ့ပြောချင်တာကိုတန်းသိတဲ့အထိပဲ...သူက ဒုတိယမိသားစု တောင်မဟုတ်ဘူး ပထမအဆင့်ပဲ မိသားစုနဲ့တန်းတူအလေးပေးချင်တဲ့သူငယ်ချင်းလေး....တခြားသူငယ်ချင်းတွေ က နင်တို့တွဲလိုက်ကြပါ့လားလို့စကြတဲ့အထိကိုအမြဲတပူးပူး၊တတွဲတွဲ... ဒါမဲ့လေ သူ့ကိုချစ်တဲ့အချစ်က အေးချမ်းတဲ့ချစ်ခြင်းနဲ့ သူ့ကိုလမ်းမှားမရောက်အောင်၊သူပျော်အောင် လုပ်ပေးချင်ရုံပဲ...

သျှန့်လိုပေါ့ ညို လမ်းမှားရောက်မှာကိုမတားဆီးနိုင်လိုက်တော့ သူကအရင်ဦးဆုံးအမှောင်ထဲကိုဝင်ပစ်လိုက်တယ် ။ တားနိုင်ရင်တားမယ် မတားနိုင်ရင် ကိုယ်ပါအဖော်လုပ်ပြီး ဆိုးပစ်မယ်

တခါတလေ အဖြူရောင်ချစ်ခြင်းမေတ္တာက အရာရာထက်သာတယ်ဗျ...

သူငယ်ချင်းသံယောဇဉ်ကိုပေါ်လွင်အောင်ဖော်ပြချင်ခဲ့ပေမဲ့ ရေးသားမှုအားနည်းခဲ့တဲ့ စာရေးသူကြောင့် သေချာလေးမပေါ်လွင်ခဲ့ဘူး

မိုးစက္ကန့်ညို ရဲ့ ဘဝက ဆုံးရှုံးမှုတွေချည်းပဲ....အေးချမ်းတဲ့ငယ်ဘဝလေးမှာ အဖွားကရုတ်တရက်ဆုံးတယ်။အဒေါ်က ကိုယ့်ကိုကိုယ် အဆုံးစီရင်တယ်။သူပြိုလဲကျမသွားပေမဲ့ လမ်းမှားကိုရောက်သွားတယ်။ လမ်းမှန်ပြန်တည့်ပေးမယ့်သူမရှိပေမဲ့ အတူလိုက်ဆိုးပေးမဲ့ သျှန်ဇေရဲဇော် ရှိတယ်။ အမေတယောက်လို ရှေ့ကနေကာကွယ်ပေးမဲ့ ကာရန်တေး ရှိတယ်။စကားအများကြီးမပြောပင်မဲ့လိုအပ်ရင်ကူညီပေးမယ့် ဝသုန်တေးရှိတယ်။သူဘာမှမသိဘူးဆိုပင်မဲ့သူငယ်ချင်းတွေခေါ်တာနဲ့အပြေးရောက်လာမယ့် စိုင်းသူရခေး ရှိတယ်။

သူတို့ကသူငယ်ချင်းကောင်းတွေပဲ
ဒီလူတွေရှိလို့သာ မိုးစက္ကန့်ညို မပြိုလဲတာ။နောက်ဆုံးကျ ကိုယ့်ထက် ၁၅နှစ်လောက်ငယ်တဲ့ကလေးကိုကြိုက်မိလို့ ဝက်ဝံသုံးကောင် သီချင်းကိုကျက်နေရရှာတယ် 🤣🤣

တခါ သျှန့်ဘက်ကိုကြည့်ကြမယ်
မိသားစုနဲ့သူငယ်ချင်းကြားမှာ စုပ်လဲစူး စားလဲရူး ဖြစ်ရတယ်။ရှင်းပြချင်ပင်မဲ့အခွင့်မသာတာကြောင့်အဝေးကနေပဲလှမ်းကြည့်နေခဲ့ရတယ်။သူငယ်ချင်းကိုကာကွယ်ချင်တာနဲ့လမ်းမှားမှန်းသိသိရက်တိုးဝင်ခဲ့တယ်။ဘဝမှာပထမဆုံးသဘောကျရတဲ့ ကောင်လေးကိုတွေ့ခဲ့ပင်မဲ့လဲ သူငယ်ချင်းကိုပိုအရေးပေးမိလို့အထင်လွဲခံခဲ့ရတယ်။ချစ်ရသူကိုဆုံးရှုံးရမလိုဖြစ်ကာမှ သူပြန်ကြိုးစားခဲ့ရတယ်။

တကယ်ဆိုရင်လေ ညို့ထက် သျှန် ကပိုသနားဖို့ကောင်းတာ။သူမလုပ်ခဲ့တဲ့အမှားတခုအတွက်နဲ့ ၁၀နှစ်နီးပါးအမုန်းခံခဲ့ရတယ်။တဖက်ကချစ်ရသူ..တဖက်ကမိသားစုလိုသူငယ်ချင်းကြား သူအရမ်းပင်ပန်းခဲ့ရတာ

အခုတော့သူ့ယောကျာ်းပေါက်စနဲ့သာယာနေပါပြီလေ

သျှန်နဲ့ညို ကMain Couple ဆိုပိုပြီးသဘောကျကြမှာကိုသိပေမဲ့ Plot ချပြီးသားကိုမပြင်ချင်တာကြောင့်အပြီးထိ ဒီလိုပဲရေးလိုက်တာပါ...

တကယ်လို့ အမိုက်စားမာဖီးယားကြီးနှစ်ယောက် ချစ်ကြည်နူးတစ်တီတူးတာကိုဖတ်ချင်တယ်ဆို နောက်...နောက်အားတဲ့ခါကျမှရှယ်ရေးပေးမယ်နော် ဟဲဟဲ လာမည်ကြာမည်မျှော် ပေါ့

မေးချင်တာ၊မရှင်းတာရှိသေးရင် Comments မှာမေးထားခဲ့ပါဗျ ။ကိုးဖြေပေးပါ့မယ်

#Paing Koe

ခေါ့ပွန်ခ

Fiend // Complete //Where stories live. Discover now