Part - 10

2.2K 154 39
                                    

ဒီနေ့က Apirl 13 ...
တနည်းအားဖြင့် မြန်မာ့၁၂လရာသီ ပွဲတော်တွေထဲက ပထမဆုံးပွဲတော်ဖြစ်တဲ့ အတာသင်္ကြန်ပွဲတော် အကြိုနေ့.....
မန္တလေးမြို့ရှိ သက်ကြီးရွယ်အို များကတော့ ဥပုသ်သီလယူရန် ဆိုင်ရာဘုန်းကြီးကျောင်းများသို့ သွားကြပြီး လူငယ်များကတော့ မန္တလေးသင်္ကြန်ကို လည်ရန် တာဆူနေကြသည် ။

တခြားသူများကတော့ နားရက်ရတာကြောင့် အနားယူရန်ပျော်ပါးရန် တွေးနေကြစဥ် စက္ကန့်ကတော့ ပစ္စည်း အလဲအထပ်လုပ်ရန် ချိန်းဆိုထားမှုတခုကြောင့် အနားမယူရသေးပေ။

"ဆရာ ကျွန်တော်တို့ နည်းနည်းစောထွက်မှ အဆင်ပြေလိမ့်မယ် သင်္ကြန်ကာလဆိုတော့ လမ်းတွေကပိတ်နေမှာ "

"အေး အားလုံးအသင့်ပြင်ထားလိုက် ခဏနေရင် ငါဆင်းလာခဲ့မယ်"

"ဟုတ်ကဲ့  ဆရာ"

စက္ကန့်အမြန်ဆုံးပြင်ဆင်ရသည်။စောနကလက်ထောက်ကောင်လေးပြောတာမှန်သည် မန္တလေးသင်္ကြန်ကတကယ်ကိုအစည်ကားဆုံးပွဲ စက္ကန့်တို့ အစောသွားမှသာ လမ်းတွေမပိတ်ခင် ချိန်းထားတဲ့နေရာသို့ရောက်နိုင်မှာဖြစ်သည်။

စက္ကန့်တို့ ထွက်လာတော့ မနက် 7 နာရီသာရှိသေးသည်မို့ လမ်းကရှင်းနေသေးသည်။ရေသဘင် မဏ္ဍပ်တွေကလည်းလူမစုံသေး လမ်းမကြီးထက်တွင်တော့ ဘုန်းကြီးကျောင်းသို့သွားကြသည့်လူကြီးသူမတွေသာ တွေ့နေရသေးသည်။
စက္ကန့်တို့က ချိန်းထားတဲ့နေရာသို့ နာရီဝက်လောက်စောရောက်နေသည် ကား‌တွေကလည်း ကိုယ့်ဘက်ကလူတွေချည်း သုံးစီးလောက်ပါသည်မို့ တခုခုဆို ရှောင်လို့ရအောင် ကားတွေကို သင်္ကြန်ကားတွေနဲ့ရောယောင်ပြီး အလှဆင်ထားရသည် 4 wheel တွေမို့ ရေစည်တွေပါတင်ထားကာ သင်္ကြန်လည်သလိုလိုဘာလိုလို ထင်အောင်လုပ်ထားလိုက်သည်။

"ဆရာလာပြီ ဟိုဘက်ကလူတွေ"

စက္ကန့်ခေါင်းတချက်ငြိမ့်ပြလိုက်တော့ ကားမောင်းသည့်ကောင်လေးက စက္ကန့်ကို ကားတံခါးဆင်းဖွင့်ပေးသည်။ဟိုဘက်ကအဖွဲ့ကလည်း ရေစိုဖက်ရှင်တွေနဲ့ ရုပ်ဖျက်ပြီးရောက်လာသည်။ အဝါရောင်နေကြာပွင့်ကြီးတွေပါတဲ့ ရှပ်အကျီဆင်တူတွေကိုဝတ်ထားပြီး ခေါင်းကိုလည်း ကျစ်ဆံမြှီးတွေက ကျစ်ထားသေးတယ် ။ လမ်းဘေးမှာပုံရောင်းတဲ့ တလက် ၁၅၀၀ ဆိုတဲ့ မျက်မှန်တွေကိုယ်စီ တပ်ထားပြီး သူတို့ကိုယ်သူတို့ အရမ်းအထာကျတယ်ထင်နေကြတာ ။ ဘာဖြစ်ဖြစ် ကိုယ့်အလုပ်မဟုတ်တာမို့ ပြောမနေတော့ဘူး

Fiend // Complete //Where stories live. Discover now