Part - 32

1.5K 113 22
                                    


"ဒီနေ့ နေသာတယ် ကိုယ်တို့ပန်းခင်းတွေဘက် လမ်းလျှောက်ထွက်ကြမလား ပေါက်စလေး"

"နည်းနည်းတော့ဝေးမယ်ထင်တယ်"

"တောင်ကြောဘက်ထိမသွားဘူးလေ ရေတံခွန်ဘက်ကအခင်းတွေဆို ရွာနဲ့သိပ်မဝေးပါဘူး အဲ့ဘက်သွားကြမယ်လေ"

"ဟုတ် ခင်ဗျားသဘောလေ"

ရွာမှာပေါက်စလေးနဲ့အတူတူလမ်းလျှောက်ထွက်နေကျမို့ တချို့နေရာတော်တော်များများကို သျှန်သွားတတ်လာတတ်ပြီးအလွတ်ရနေပေပြီ။

နေ့လည် တစ်နာရီဆိုပေမဲ့ နေပူရှိန်သိပ်မပြင်းပေ တောင်တွေပတ်လည်ဝန်းရံထားလို့များအအေးဓာတ်ပိုနေသည်လားတော့မသိ။လေအေးတွေတိုက်ခတ်နေသည်မို့ နေပူဒဏ်ကသိပ်မသိသာ။

"ပန်းတွေအများကြီးပွင့်နေပြီလားဟင်"

"အင်း အများကြီးပွင့်နေပြီ လေတိုက်တော့အပင်တွေယိမ်းနေတာပိုလှတယ်"

"အင်း အရင်ကဒီအချိန်ဆို ပန်းခင်းတွေကြားမှာကျွန်တော်အလုပ်ရှုပ်နေပြီ ရိတ်သိမ်းချိန်မရောက်မချင်း ပန်းပွင့်တွေနဲ့အသီးတွေကိုကျွန်တော်တို့အရမ်းဂရုစိုက်ရတာလေ"

"ပန်းခင်းတွေကြားထဲသွားချင်လား ကိုယ်နဲ့အတူသွားမယ်လေ"

"ဟင့်အင်း မသွားတော့ပါဘူး အလုပ်သမားတွေအလုပ်ရှုပ်နေမှာ ကျွန်တော်သွားရင် ပိုရှုပ်ကုန်လိမ့်မယ်"

"အဲ့တာဆို ဟိုးဘက်မှာအပင်ကြီးရှိတယ်လေ အဲ့အပင်အောက်မှာထိုင်မလား"

"ယူကလစ်ပင်လား"

"ဟုတ်မယ်ထင်တယ် အဲ့နားကအရိပ်လည်းရတယ်‌ဆိုတော့ ကိုယ်‌တို့အေးဆေးထိုင်လို့ရမလားလို့ ပန်းခင်းတွေနဲ့လည်း သိပ်မဝေးဘူးလေ"

"အင်း ထိုင်ကြတာပေါ့ "

"လာ ကိုယ့်လက်ကိုတွဲပေါက်စ"

"ဟုတ်"

နွမ်စိုင်း ဒီလူကိုမစွန့်လွှတ်နိုင်မှာသေချာပေမဲ့ အခုလိုအနားမှာဂရုစိုက်ပေးမှုတွေကြောင့် ဒီလူသားကိုပိုပြီးလောဘတက်လာမိသည်။ပိုင်ဆိုင်ချင်လာမိသည်။ကိုယ့်အတွက်မဟုတ်မှန်းသိနေရက်နဲ့တောင် ချစ်နေပေးခဲ့နိုင်သေးတာ အခုလိုကိုယ့်အနားမှာအနီးကပ်ရှိနေပေးတာတွေကြောင့် ပိုပြီးသဘောကျလာသလို ပိုပြီးအရယူချင်မိလာသည်။သို့သော် နွမ်စိုင်းလိုမျက်မမြင်တစ်ယောက်ကဘာများလုပ်နိုင်မှာတဲ့လဲ။

Fiend // Complete //Where stories live. Discover now