Part - 2

5.3K 384 26
                                    

"ငါ မင်းကိုစောက်ရမ်းမုန်းတယ်....
သျှန် "

မျက်ရည်တွေကျရင်း ပြောလာတဲ့ 'ညို့' စကားတွေက သျှန့်ကို တကယ်နာကျင်စေပါတယ်။ မမုန်းပါနဲ့လို့
သျှန့်မှာ တားပိုင်ခွင့်လဲမရှိသလို ... ဖြေရှင်းစရာစကားလုံးတွေလဲ
ရှိမနေပါ

"ညို .."

သျှန် လေသံ တိုးတိုးလေးနဲ့ ခေါ်လိုက်မိတော့ 'ညို့'အကြည့်စူးစူးတွေက
သျှန့်ဆီရောက်လာပြီး လက်တွေက အကျီကော်လာကို ဆွဲဆောင့်လာတယ်

"မင်း စောက်ပါးစပ်ကို ပိတ်ထား
ငါ့ကို ဒီနာမည်ထပ်မခေါ်နဲ့ ပြီးတော့ ငါ့မျက်စိရှေ့ကို ဘယ်တော့မှ
ပေါ်မလာခဲ့နဲ့ ထွတ်သွား...သွား..အခု "

"ညို.. ခုသွေးပူတုန်းမို့ ဒီလိုပြောတာဆိုတာ ကိုယ်သိတယ်.... ကိုယ် မနက်ဖန်မှ ပြန်လာခဲ့မယ်နော်..."

'ညို့'သဘောကျ သျှန် ထွတ်လာပေးလိုက်တယ် မဟုတ်ရင် ၂ယောက်ထိုးကြကျိတ်ကြထိ ဖြစ်လာနိုင်တာမို့  သျှန် ရှောင်နေမှဖြစ်မယ် ။

သျှန် ထွတ်သွားမှ စက္ကန့် ပြိုလဲကျသွားမိတယ် ။ ဘာကြောင့်လဲ...
ဘာကြောင့်ခုလိုလုပ်ရက်ရတာလဲ..
သျှန်က ဘာလို့ဖြေရှင်းစကားတခွန်းတလေတောင်မဆိုရတာလဲ ။

'မိုးစက္ကန့်ညို' ဆိုတဲ့ကောင်က မင်း ပြောသမျှစကားကို အမြဲယုံကြည်ပေးတယ်ဆိုတာ သိရက်နဲ့... ဘာကြောင့်များ...ရေငုံနှိုတ်ပိတ်နေရတာလဲကွာ ..သျှန်ရာ... ငါ မင်းကို ဒီတခါ တကယ်စိတ်ပျက်မိတယ်။

ညို နဲ့  ဒီလို အခြေအနေတွေဖြစ်လာ ကြရလိမ့်မယ်လို့ သျှန် တခါမှမတွေးထားခဲ့ဖူးပါ ။
သျှန် ရှင်းပြချင်ပါသည်... 'ညို့' မျက်ရည်တွေကိုလည်း သုတ်ပေးချင်ပါသည်။
သို့သော် 'ညို' အခု စိတ်တိုနေတာမို့ သျှန်ပြောရင်လည်း နားဝင်မည် မဟုတ်တာမို့ သျှန် အိမ်သို့သာပြန်လာခဲ့လိုက်ရတယ် ။

သျှန် ဒီနေ့လည်း မနက်အစောကြီး 'ညို့' အိမ်ရှေ့သို့ ရောက်နေခဲ့သည်။
ခြံစောင့်ဦးလေးက သျှန့်ကို တံခါးဖွင့်ပေးချင်ပေမဲ့ 'ညို့'အမိန့်ကြောင့်ထင်သည် သူလည်း သျှန့်ကို အားနာသလိုမျက်လုံးတွေနဲ့ ကြည့်ကာ
တံခါးဖွင့်မပေးရဲ။

Fiend // Complete //Where stories live. Discover now