Part - 20

1.8K 135 3
                                    

"ညို "

"အင်း ပြော "

"ကိုယ် မင်းကို ပေးတဲ့ USB ကို ကြည့်ပြီးပြီလား"

"မကြည့်ရသေးဘူး "

တကယ်က ဘယ်နားထားမိမှန်းတောင် စက္ကန့်မေ့နေပြီ ။

"အဲ့ထဲမှာ အဖြေ ပါတယ် ညို "

စက္ကန့် အခုကြည့်ဖို့သင့်ပြီ လို့ထင်တယ်။ သျှန်လဲ ဘေးနားရှိတာပဲ ။ ဘာကိစ္စဖြစ်ဖြစ် စက္ကန့်ရင်ဆိုင်နိုင်မှာပါ ။

"အင်း ကြည့်ကြတာပေါ့ မင်း ပြောတဲ့အမှန်တရား ကို ငါလက်ခံနိုင်မလား ဆိုတာ "

ပိုင်ရှင်ရဲ့ မေ့ပျောက်ခြင်း ခံထားရတဲ့ လှို့ဝှက်အံဆွဲထဲက USB လေးက အချိန်အတော်ကြာမှ အရေးလုပ်ခြင်းခံရတော့သည်။

Flash back >>>>>>>

"နက်ဖန် ကိုယ်တို့ ဘုရားသွားကြမလား နှောင်းငယ်"

"တခေတ် အားရဲ့လား နှောင်းက အဆင်ပြေပါတယ်"

"ကိုယ့်ချစ်သူလေးအတွက်ဆို ကိုယ်က အမြဲအားပါတယ်ဗျာ "

"ဟွန့် သောက်ပိုတွေ "

စက္ကန့် နှာခေါင်းရှုံ့ပြီး ပြောပစ်လိုက်တယ်။ ပြီးရင် ပြတ်တာပဲကို အပိုတွေလုပ်ပြနေကြတာ

"သားသား လူကြီးကို အဲ့ လို မပြောရဘူးလေ"

"ဟားဟားဟား စက္ကန့်က ခုထိ ကိုယ့်ကိုမကျေနပ်သေးဘူး နေမှာ "

ဦးငယ်က ရီနေရုံကလွဲပြီးစိတ်မဆိုးပါ

"ဘယ်သူကကျေနပ်မှာလဲ ကျွန်တော့်အဒေါ်ချောချောလှလှလေးကို ဦးငယ်က လုယူသွားတာလေ "

ပြောရင်းပြန်ဒေါသထွက်လာတဲ့ 'ညို့' ကို သျှန်ကပဲ ပခုံးဖက်ပြီး ဆွဲခေါ်လာရသည်။

"စိတ်လျော့ပါ 'ညို'ရာ သူတို့ကို သဘောမတူတာလဲမဟုတ်ဘဲ ဘာလို့ခုထိစိတ်တိုနေရတာလဲ"

"သဘောတူတာကတပိုင်း မကျေနပ်တာက တပိုင်းပဲကွာ မသိဘူး "

'သမိုင်းတခေတ်' နဲ့ 'မိုးယမင်းနှောင်း' ဆိုတာ နေနဲ့လ ရွှေနဲ့မြ လိုလိုက်ဖက်လွန်းတဲ့ ချစ်သူတွေပင်။ နှစ်ဖက်မိဘချင်းကလဲ သဘောတူကြည်ဖြူသဖြင့် တချိန်မှာ ရွှေလက်တွဲကြမယ့် အချစ်ငှက်ကလေးတွေဖြစ်တယ်။

Fiend // Complete //Where stories live. Discover now