Part - 42

2K 112 21
                                    

"ညို နိုးပြီလား "

"အင်း..."

"ကိုယ် ကြက်ပေါင်းခေါက်ဆွဲ လုပ်ထားတယ် စားလိုက်အုံးနော်"

ည၆နာရီလောက်က ဆေးသောက်ပြီးပြန်အိပ်နေတဲ့ ညို က ည၉ နာရီလောက်ကျ နိုးလာပြီးဝရန်တာမှာထွက်ထိုင်နေသည်။ညလယ်စာအဖြစ် သျှန်ကိုယ်တိုင်လုပ်လာတဲ့ ကြက်ပေါင်းခေါက်ဆွဲ ပန်းကန်ကို ညိုထိုင်နေရာ ဝရန်တာဘက်သို့သာ သယ်လာလိုက်တယ်။ ညိုက သူနိုးနေတဲ့အချိန်ဆို ဝရန်တာမှာပဲထိုင်ပြီး ခြံထဲက စိန်ပန်းပင်ကြီးကို ကြည့်နေတက်သည်။ အရင်ကထက်စာရင်သက်သာလာတဲ့ ညို ကိုကြည့်ပြီး သျှန်လဲ အခုမှသက်ပြင်းချနိုင်တယ်။

"မင်းကိုယ်တိုင်လုပ်ထားတာလား"

"ဟုတ်တယ် ညို က ကိုယ်လုပ်ပေးတဲ့လက်ရာမှကြိုက်တာမလား "

"အင်း မင်းလက်ရာက တီလေးလက်ရာအတိုင်းပဲမို့"

စိန်ပန်းပင်ကြီးကိုငေးမြဲငေးလျက်ပြောလာတဲ့ညို က တီလေး လူ့လောက က ထွက်ခွာသွားတာကိုတော့ပြန်မှတ်မိရှာပြီ။ တခါတလေ ဖုန်းလိုက်ရှာပြီး ချေချေ့ကိုသီချင်းဆိုပြဖို့လုပ်တက်တာကလွဲရင် အရင်လိုတိတ်ဆိတ်နေတုန်းပဲ။

"ညို ကြိုက်ရင် ကိုယ်ကနေ့တိုင်းလုပ်ပေးမှာပေါ့ ပူတုန်းလေးစားလိုက်နော် "

"ကြက်ပေါင်းနေ့တိုင်းစားရင် ငါ အတောင်ပံ တွေထွက်လာမှာပေါ့... "

"ဟမ်"

"မင်းက ငါ့ကိုမင်းဂိုဏ်းထဲသွင်းချင်လို့အကွက်ချစီစဥ်နေတာမလား"

"ပေါက်ပေါက်ရှာရှာ ညိုရယ် ကိုယ်က ညိုအားရှိအောင်ကျွေးတာပါ"

"သေချာလား"

မျက်မှောင်ကြီးကုတ်လို့မေးလာသူကြောင့် အမြန်လျှောက်တင်ရသည်။

"ဒါပေါ့ ညိုရဲ့"

"ပြီးတာပဲ"

"ဟူးး"

ညို မသိအောင်သက်ပြင်းအသာခိုးချရတယ်။ 'အလျှောက်ကောင်းလို့ အထောင်းသက်သာ ' ဆိုတာ သျှန့်ဘဝပဲ။ တခါတလေ ငယ်တုန်းကလိုဂျစ်တီးဂျစ်ကပ်တွေပြောပြီးသျှန့်ကိုရစ်တက်သည်။ တခါတလေကျလဲ သျှန်နဲ့စိတ်ဆိုးတုန်းကအချိန်ကိုမှတ်ဉာဏ်ရောက်သွားပြီး သျှန့်ကို လက်သီးနဲ့ထထိုးသည်။

Fiend // Complete //Where stories live. Discover now