Part - 21

1.6K 133 7
                                    

သျှန် အရင်ရက်ကဒဏ်ရာကြောင့်ကော ညို့ ကိစ္စတွေကိုကူပေးနေတာကြောင့်ကောအလုပ်တွေကိုပစ်ထားမိခဲ့တာကြာပြီ‌ဖြစ်သောကြောင့် အခုတော့ အလုပ်ကြွေးတွေပိကာ စာရင်းဇယားတွေကြားမှာအလုပ်ရှုပ်နေရသည်။

"ဆရာ !!"

"အင်း"

"ဟိုလေ"

"အင်း"

"ဟို....."

ပြောစရာရှိတာမပြောပဲ တဟိုဟို လုပ်နေတဲ့ Nic ကို သျှန်စိတ်မရှည်စွာ မျက်လုံးလှန်ကြည့်လိုက်တော့ ပါးစပ်ပိတ်သွားပြန်သည်။ဒီကောင်မျက်လုံးတွေတစက်မှ ဂဏာမငြိမ်ဘာဖြစ်နေသည်မသိ။သျှန်လည်း ပုံနေတဲ့အလုပ်တွေသာပြန်လုပ်နေလိုက်သည်။

"ဆရာ..ဟို..."

"မင်းပြောမှာဆိုလည်း ပြော မပြောရင်လည်း ငြိမ်‌ငြိမ်နေ ဒီမှာစာရင်းတွေစစ်နေတယ်ကွ"

"ဟုတ်"

Nic ဆရာ့ကိုဘယ်ကဘယ်လိုစပြောရမယ်မသိတာကြောင့် စကားလုံးတွေရှာနေမိခြင်းဖြစ်သည်။ဆရာ့သူငယ်ချင်းကိစ္စတွေပြီးသွားတာမှမကြာသေး အခု ဒီကောင်လေးအကြောင်းဆက်ပြောရမှာ ဆရာ့အတွက်စိတ်ပင်ပန်းစေနိုင်လောက်မှာသေချာသိနေသူမို့ ပိုပြီးဆင်ခြင်နေရသည်။မပြောလို့လည်းမဖြစ် ဒီကောင်လေးဟာ ဆရာ့အတွက် ထူးခြားပြီးအရေးပါကြောင်း Nic သိနေသည့်အတွက် ပြောမှတော့ရမည်။သို့သော် ဘယ်ကစပြောရမည်မသိ....

ဆရာကအားလုံးရှေ့မှာသန်မာတယ်ထင်နေရပေမဲ့ တကယ်တမ်းဆရာ တိတ်တိတ်လေးပြိုလဲခဲ့ရတဲ့အချိန်တွေကို Nic နဲ့ Num သာအသိဆုံးမို့ ဆရာနောက်တကြိမ်ပြိုလဲရမှာမျိုး မမြင်ချင်ပါ မမြင်ရက်ပါ။ဆရာ့ကိုဘာမှမဆုံးရှုံးဘူးလို့ ထင်နေကြတာ တကယ်တော့ ဆရာဆုံးရှုံးခဲ့ရတာတွေအများကြီးပဲဆိုတာ Nic တို့ညီအစ်ကိုသာသိသည်။ဆရာကသန်မာချင်ယောင်ဆောင်နေတာ တကယ်တော့ ဆရာကအရမ်းအားငယ်တတ်တာ Nic တို့ကိုတောင် သူကကာကွယ်ပေးမယ်ပဲအမြဲပြောတတ်တဲ့သူ Nic က ဆရာနဲ့ပိုနီးကပ်စွာနေခဲ့ရသူမို့ ဆရာ့အကြောင်းကိုပိုသိမယ်ထင်ခဲ့ပေမဲ့ အဝေးမှာနေတဲ့ Num က ဆရာ့အကြောင်းကို Nic ထက်ပိုသိသည်။ဘာလို့ဆို သူတို့ကပုံစံတူလို့တဲ့ Nic အတွက်အရေးကြီးဆုံးလူနှစ်ယောက်ကို ပျော်ရွှင်စေချင်တာ Nic ဆန္ဒပင်။

Fiend // Complete //Where stories live. Discover now