အဲ့ဒီအချိန် မီးဖိုချောင်ထဲက ထွက်လာတဲ့ ဂျယ်ယွန်းhyungကို တွေ့လိုက်တာကြောင့် ဖက်တွယ်ထားရာကနေ ခုန်ဆင်းဖို့ပြင်လိုက်တယ်။
ဒါပေမယ့် ဆင်းခွင့်မပေးတဲ့လူကြီးကြောင့် ဒီအတိုင်းမျက်နှာပူပူနဲ့ ခေါင်းကို ပုခုံးထက်ဖွက်ထားမိတယ်။

ရေချိုးခန်းထဲရောက်မှ ချပေးပြီး ကျွန်တော့်ကို ကလေးတယောက်နှယ် မျက်နှာသစ်ပေးနေတယ်။

" ဒေါက် ... ဒေါက် "

ရေချိုးခန်းတံခါးခေါက်သံ။

" အဟမ်း..... အထဲကအတွဲ ... တံခါးဖွင့်ပါဦး "

မန်နေဂျာပက်ဆောင်းဟွန်းရဲ့ အသံထွက်ပေါ်လာပြီး မျက်နှာသစ်ပေးနေတာကို ရပ်ကာ တံခါးသွားဖွင့်ပေးတဲ့ ဂျေးhyung။

" ဘာကိစ္စလဲ "

" ရော့ .... သွားတိုက်တံ လာပေးတာ "

" ဒါပဲမလား "

" အင်း "

သွားတိုက်တံယူပြီးတာနဲ့ တံခါးပြန်ပိတ်လိုက်တယ်။ တဆိတ် ညီအစ်ကိုတွေ အဲ့လောက်တောင်ချစ်ကြတာလား။

ဒီလိုနဲ့ ရုပ်ရှင်ကားတွေထဲက ချစ်သူစုံတွဲတွေလို အချင်းချင်း အပြန်အလှန်သွားတိုက်ပေးပြီးနောက် မနက်ခင်းရိုမန့်တစ် scenes ပြီးဆုံးသွားပါတယ်။

-------------

" ပြီးပြီလား ဂျေးhyung "

" ပြီးပြီ ကလေး "

အခန်းရှေ့မှာ ဂျေးhyung အဝတ်လဲတာ စောင့်‌နေရင်းနဲ့ ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိတယ်။

တံခါးဖွင့်ပြီးထွက်လာတဲ့‌အခါ
ဂျေးhyungကို အပေါ်အောက်စုန်ချီကြည့်ပြီး လက်မထောင်ပြလိုက်တယ်။

ရုံးသွားဖို့အတွက် အဝတ်အစားထပ်ငှားပေးဖို့ရန် ကျွန်တော့်ရှပ်အင်္ကျီအဖြူရောင်ကို ထုတ်ပေးလိုက်ရတယ်။ ခဲရောင်ဘောင်းဘီရှည် နဲ့ အညိုရောင် long coat ကတော့ မနေ့ကဝတ်လာတဲ့အတိုင်း။
ဒါပေမဲ့ အရမ်းမိမိုက်နေတာတော့ မကွယ်ဝှက်စတမ်းပြောရမည်။

ရုံးသွားဖို့အတွက် အဝတ်အစားထပ်ငှားပေးဖို့ရန် ကျွန်တော့်ရှပ်အင်္ကျီအဖြူရောင်ကို ထုတ်ပေးလိုက်ရတယ်။ ခဲရောင်ဘောင်းဘီရှည် နဲ့ အညိုရောင် long coat ကတော့ မနေ့ကဝတ်လာတဲ့အတိုင်း။ ဒါပေမဲ့ အရမ်းမိမိုက်နေတာတော့ မကွယ်ဝှက်စတမ်းပြောရမည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Exact LOVE  // JaywonWhere stories live. Discover now