584 84 9
                                    


Unicode 💙

Flashback 

ဂျုံဆောင်း pov

ရောက်ကတည်းက အသားကင်ထက် ဆိုဂျူနဲ့ မက်ဂျူကိုပဲ လှိမ့်သောက်နေတဲ့ ဟိုကလေး။ သောက်ပြီးလည်း ငြိမ်ငြိမ်မနေ ဟိုကြည့်ဒီကြည့်နဲ့။

တစ်ဆိတ် သူကဘယ်သူလဲဆိုရင် ကျွန်တော့်နှလုံးသားကို မနေ့ကမှ ယူသွားတဲ့ ယန်းဂျောင်ဝန်းလေးပေါ့ ။

မနေ့ညက ကုမ္ပဏီကို အဖေ့ဆီက အမိန့်နဲ့  ‌
အမေရိကက ရောက်ရောက်ချင်း လေဆိပ်ကနေအပြေးသွားလိုက်ရတယ်။ ရောက်တော့လည်း ဘာမှမဟုတ် ။ ငါ့သားတွေကို သတိရလို့ အရင် ခေါ်လိုက်တာတဲ့။ ကိုရီးယားမှာ အိမ်စောင့်တွေနဲ့ပဲ ထားခဲ့တဲ့ အိမ်ကိုပြန်ဖို့လုပ်တော့ ည 11 နာရီတောင်ရှိနေပြီ။

14 လွှာမှာရှိတဲ့ ဥက္ကဌရုံးခန်းကနေ မြေညီထပ်ကို ဆင်းလာရင်း ဒရိုင်ဘာကို ကားထုတ်ထားဖို့ပြောလိုက်တယ်။ ကုမ္ပဏီ ဝင်ပေါက်ကနေ ထွက်တော့ ရုတ်တရက် အရှေ့မှာ လာရပ်လာတဲ့ လူတစ်ယောက်။ အဲ့ဒီအချိန် မော့ကြည့်လာတဲ့ မျက်လုံးဝိုင်းလေးတွေ။ ယောက်ျားလေးတစ်ယောက်ရဲ့ မျက်လုံးက အဲ့လောက်လှဖို့ လိုလို့လား။

မျက်ရစ်လေးတွေနဲ့ မျက်ဝန်းညိုညိုလေး။ ကြောင်‌ပေါက်လေးတွေကိုတောင် ပြေးမြင်မိတယ်။ ဒုက္ခရောက်နေတဲ့ ကြောင်ပေါက်လေးပဲ။ Taxi ခ လာချေးတာတဲ့။ ကိုယ်နဲ့တွေ့တာ ကံကောင်းတယ် မင်း။ ဘာမှမတွေဝေဘဲ
ဝမ်ငါးသောင်း ချက်ချင်းထုတ်ပေးလိုက်တယ်။

အဲ့ဒီအချိန်မှာ  ကားရောက်လာတော့ ကောင်လေးကို နှုက်တောင်မဆက်မိဘဲ သွားမိတယ်။ ဘာလို့လဲဆိုတော့ ကံကြမ္မာကို ယုံတယ်လေ။ ဒီကောင်လေးနဲ့ ထပ်တွေ့ရဦးမယ်ဆိုတာ။

တကယ်လည်း ထပ်တွေ့ပါတယ်။  အလုပ်ဆင်းရမယ့် ဌာနက ဝန်ထမ်း‌လေးဖြစ်နေတော့။

မနက်က ရုံးခန်းထဲမှာ နှလုံးသားယူသွားလို့ လျော်ကြေးတောင်းတာကို မလှိမ့်တပတ်နဲ့ ပြေးထွက်သွားတာ လုံးလုံးလေး။
ဟက် အရမ်းချစ်ဖို့ကောင်းနေတယ်မဟုတ်လား။ အိတ်ကပ်ထဲ ဖွက်ထားချင်လာပြီနော်။

အခုလည်း ကျွန်တော်ကြည့်နေတာသိသွားပြီး အကြည့်စူးစူးနဲ့ ပြန်ကြည့်နေသေးတယ်။
နဂိုထက်ပို ပြန်စိုက်ကြည့်ပေးလိုက်တော့ ကိုယ်လေးကျူံ့ပြီး ပြန်လှည့်သွားတယ်။

Exact LOVE  // JaywonWhere stories live. Discover now