여덟

601 75 16
                                    

Unicode 💙

📞 Feels like coke 시원한 바람이 불어와
우주의 틈 사이로 들리는 heart beat
너도 나와 같은 곳을 I hope you see
Please just stay with me , just stay with me 📞

မနက်စောစောစီးစီး ဘယ်သူလား။ အိမ်မက်ထဲမှာ ဂျေးhyung နဲ့ ချစ်ကြည်နူး တစ်တီတူးနေတာကို လာနှောင့်ယှက်နေတယ် တကယ်ပဲ။

ကုတင်ဘေးမှာ မြည်နေတဲ့ဖုန်းကို မျက်လုံးမဖွင့်ဘဲ လက်နဲ့စမ်းယူပြီး ကိုင်လိုက်တယ်။ contact name လဲမကြည့်မိတော့။

" ဟယ်လို "

" ကလေး မနိုးသေးဘူးလား "

အဲ့တော့မှ ဖုန်းကိုကြည့်မိတော့ " မန်နေဂျာပက် " ဆိုတဲ့ contact name ကြီး။ မနေ့ကမှ ချစ်သူတွေဖြစ်တာဆိုတော့ မပြောင်းရသေးဘူး။ နောက်မှ ပြောင်းတော့ပါမယ်လေ။

" ဟင် နိုးပြီ နိုးပြီ ....
ဂျေးhyung ဘာကိစ္စရှိလို့လဲ "

" မနေ့ညက ကိုယ်မနက်လာခေါ်မယ်လို့ ပြောလိုက်တယ်လေ ။ အခု ကိုယ်အောက်မှာ ရောက်နေပြီ "

" ဗျာ .... ရောက်နေပြီလား "

ကုတင်ပေါ်က ဝုန်းဒိုင်းဆင်းရင်း ပြတင်းပေါက်ကနေ အောက်ကို ငုံ့ကြည့်မိတယ်။ တကယ်ကြီးရောက်‌နေတာဟ။ ကားကိုမှီပြီး ရပ်နေကာ လက်တစ်ဖက်က ဘောင်းဘီအိတ်ထဲထည့်ထားတယ်။ suit အပြည့်ဝတ်ထားပြီး ဖုန်းရပ်ပြောနေပုံမှာ ကျွန်တော်ရဲ့ နိုးနိုးချင်း မျက်လုံးတွေတောင် ပြူးကျယ်သွားတယ်။

ဒီလောက်ချောနေလို့ဘယ်ဖြစ်မလဲ ။ အခုပဲကြည့် ဘေးနားက ဖြတ်သွားတဲ့ အစ်မကြီးတွေတောင် တီးတိုးတီးတိုးနဲ့ ငမ်းနေကြပြီ။ ဒီလူကြီးကို
ဘယ်နားဖွက်ထားရင်ကောင်းမလဲ ။

" ဂျေးhyung ... ခဏ.... အမ်.... ၁၀ မိနစ်ပဲစောင့်
ကျွန်တော်ဆင်းလာခဲ့မယ် "

ဖုန်းအတင်းချပြီး ရေချိုးခန်းထဲသာ ပြေးဝင်လိုက်တယ်။ နံစော်နေတဲ့ကြောင်လေး မဖြစ်အောင် မွှေးကြိုင်နေရမယ်မလား။ ဒါကြောင့်
ဂျယ်ယွန်း hyung ဝယ်ပေးထားတဲ့ strawberryရနံ့ shower cream တွေကို ဘူးတစ်ဝက်လောက်သုံးပြီး ချိုးပလိုက်တယ်။ ဒီလောက်ဆိုရပြီထင်တယ်။

၁၀ မိနစ်အတွင်း ကိစ္စဝိစ္စ တွေကို အလင်းနှစ်နှုန်းနဲ့ လုပ်လိုက်တာ အခန်းထဲမှာ မွစာကြဲသွားတာကိုတော့ မသိချင်ယောင်ဆောင်ပေးကြပါ။
ဖုန်းနဲ့ အိတ်ကို ဆွဲယူရင်း တိုက်အောက်ကို ပြေးဆင်းလာလိုက်တယ်။

Exact LOVE  // JaywonWo Geschichten leben. Entdecke jetzt