아홉

530 81 17
                                    


Unicode 💙

" ယန်းဂျောင်ဝန်း နေ့လည်စာ သွားစားရအောင် "

" ဆောနူhyung ဒီနေ့တော့ နီခီနဲ့ပဲ သွားလိုက်ပါနော် ။ ကျွန်တော်မန်နေဂျာပက် ခိုင်းထားလို့ လုပ်စရာတွေရှိသေးတယ် "

စာရွက်စာတမ်းတွေ လှန်လှောပြီး အလုပ်များချင်ယောင်ဆောင်လိုက်တယ်။
ဂျေးhyung စောင့်နေတော့မှာပဲ ...။

" အာ.. ပြီးရော ငါ့ဘာငါပဲ သွားလိုက်တော့မယ် "

" နီခီ့ကိုပါ ခေါ်သွားလေ "

" မခေါ်ပါဘူး သူ့ဟာသူသွား စားပါစေ "

အမြဲတပူးပူး တတွဲတွဲနဲ့ မခွဲမခွာရှိတဲ့ နှစ်ယောက်က ဘယ်လိုဖြစ်တာလဲ။ ထူးဆန်းတာထက် ပိုထူးဆန်းတယ်။ ဆောနူhyungဆို ကျွန်တော့်ထက်စာရင် နီခီနဲ့ ပိုတွဲမိတာလေ။အခုတော့ ဘာတွေဖြစ်ထားကြတာပါလိမ့်။ မခေါ်မပြောနဲ့။

ဆက်ပြီး စပ်စုချင်ပေမယ့် မြန်မြန်သွားရတော့မှာဖြစ်တာကြောင့် စိတ်ကိုသာ လျော့လိုက်တယ်။

" သွားတော့လေ hyung ... ကန်တင်းမှာ လူမများခင် "

" အာ့ဆို ငါသွားပြီ ... မင်းလည်း တခုခုစားလိုက်ဦးနော် "

" ဟုတ် ... ဟုတ် "









ဆောနူhyung ထွက်သွားတာနဲ့ လက်ထဲက စာရွက်တွေကို ပစ်ချပြီး အရေးပေါ်လှေကားဆီ ပြေးသွားမိတယ်။ ဓာတ်လှေကားကနေဆို ကြာနေမှာစိုးလို့ပါ။

ကျွန်တော်တို့ ဌာန 13 လွှာပြီးရင် ဥက္ကဌရုံးခန်းရှိတဲ့ 14 လွှာ ။ ဆက်တက်သွားရင်တော့ ခေါင်းမိုးထပ်ကို ရောက်တယ်။ ကုမ္ပဏီရဲ့ ခေါင်းမိုးထပ်က ဟာလာဟင်းကြီးတော့ မဟုတ်ပါ။ ခုံတန်းရှည်တစ်ခုရယ် ဥယျာဉ်ငယ်လေးတစ်ခုရယ်ရှိတယ်။

ဒါကတော့ ဘယ်သူ့အတွက်ရယ်လို့မှ မဟုတ်ပေမယ့် ကျွန်တော်ကတော့ တခါတလေ လာထိုင်နေကြဖြစ်တယ်။ ဒါပေမဲ့ လူပြတ်တယ်လို့ဆိုရလောက်‌‌အောင် ကျွန်တော်လာတိုင်း ဘယ်သူနဲ့မှ ထိပ်တိုက်မတွေ့ဖူးဘူးလေ။
အဲ‌တာကြောင့်ဒီလို တိတ်ဆိတ်တဲ့နေရာမှာ ဂျေးhyungနဲ့ နေ့လည်စာ dateဖို့ ရွေးလိုက်ခြင်းဖြစ်တယ်။






Exact LOVE  // JaywonWhere stories live. Discover now