다섯

572 82 5
                                    

Unicode 💙

တိုက်ခန်းကို ရောက်တော့ ဂျယ်ယွန်း hyung က သူ့အခန်းထဲကို တည့်တည့်မတ်မတ် ဝင်သွားပြီး မှိုင်တွေစွာထိုင်နေတယ်။ ကျွန်တော်လည်း မနေနိုင်ဘဲ လိုက်ဝင်ပြီး hyung ဘေးနားဝင်ထိုင်လိုက်တယ်။

" hyung ဘာကိစ္စရှိလို့လဲ ။ မနေ့ကတည်းက မျက်နှာမကောင်းဘူး။ ကျွန်တော့်ကို ရင်ဖွင့်လို့ရတယ်နော် "

အခန်းဖော်အဖြစ်ရော သူငယ်ချင်းအဖြစ်ရော ညီအစ်ကိုအဖြစ်ရော သတ်မှတ်ထားတဲ့ hyung နဲ့ ကျွန်တော်က တစ်ယောက်အဆင်မပြေတာရှိရင် တစ်ယောက်က ကူညီနေကြ။

hyung ရဲ့မိသားစုက Australia မှာရှိပြီး ကျွန်တော့် မိသားစုကတော့ ကိုရီးယားမှာပဲ ဆိုပေမဲ့ တခါတလေမှ ‌တွေ့ဖြစ်တာ။ တစ်ခုခုဆို အားကိုးစရာဆိုလို့ ကျွန်တော်တို့နှစ်ယောက်ပဲ ရှိတာမဟုတ်လား။

" အင်း ဂျောင်ဝန်းနား hyung မှာ ရင်ဖွင့်စရာတွေရှိတယ် "

" ကျွန်တော်နားထောင်ပေးမယ်လေ ပြော hyung"

hyung ကသက်ပြင်းချလိုက်ပြီး ဆံပင်တွေ ဆွဲဖွလိုက်တယ်။

" ဂျောင်ဝန်းနား hyung မင်းကိုပြောဖူးတယ်မလား။ အထက်တုန်းက ရည်းစားဟောင်းက hyung ကိုထားခဲ့တယ်ဆိုတာ .. ဟက်...
အဲဒါသူနဲ့ မနေ့ကပြန်တွေ့တယ် "

" မနေ့က !!!
အခုဘယ်မှာလဲ ။ ကျွန်တော်ပါ စာရင်းလိုက်ရှင်းမယ် "

ဆတ်ကနဲထပြီး လက်သီးလက်မောင်းတန်းကာ သွားမယ်တကဲကဲ လုပ်နေတဲ့ ကျွန်တော့်ကို hyung က ဆွဲထားရတယ် ။

" ထိုင်ပါ ယန်းဂျောင်ဝန်းရယ် ... မင်းကိုဆွဲရမှာလား။ ငါဆက်ပြောရမှာလား "

အဲ့တော့မှ ပြန်ထိုင်ချလိုက်ပြီး

" ဆက်ပြောပါ hyung "

" သူက အခြားသူမဟုတ်ဘူး ။ ဥက္ကဌပက်ရဲ့
သားငယ် ပက်ဆောင်းဟွန်းပဲ ... "

" ဗျာ !!! OMG !!! တကယ်လား hyung "

တကယ်မထင်ထားတဲ့သူပဲ။ ခုနကတောင် ကျွန်တော် ပြုံးဖြီးပြပြီး နှုက်ဆက်လိုက်တဲ့သူက hyung ရဲ့ ex တဲ့။

" ငါလည်း ဘယ်ထင်မလဲ ။ တမိုးအောက် ပက်ဆောင်းဟွန်းက ကုမ္ပဏီတခုတည်းမှာ တူတူလာလုပ်လိမ့်မယ်လို့ ..

Exact LOVE  // JaywonWhere stories live. Discover now