583 85 0
                                    

Unicode 💙

မန်နေဂျာရုံးခန်းထဲမှ ထွက်လာပြီးကတည်းက မှုန်ကုပ်နေသော ကျွန်တော့်ကို ကြည့်ပြီး
ဆောနူhyung မှ

" ဂျောင်ဝန်းနား ဘာဖြစ်နေတာလဲ။
မန်နေဂျာပက်က ဟို... ဟို ဒရမ်မာတွေထဲကလို အထက်လူကြီးဆိုး ဖြစ်နေလို့လားဟင် "

ဒီ hyung ကတော့လေ ထင်ကြေးတွေ ဇွတ်ပြောနေတယ်။ တကယ်ပဲ....  ဒီက ဖွင့်ပြောခံလိုက်ရလို့ပါ ဆိုနေ။
ပြောလို့လဲမဖြစ်... တရုံးလုံးပြန့်သွားရင် နေစရာမရှိမှာက ကျွန်တော်။
အတင်းတုပ်လို့ပြီးကြမှာ မဟုတ်ဘူး။

မျက်နှာကို အတတ်နိုင်ဆုံး လန်းနေတဲ့ ပုံစံပေါက်အောင် လုပ်ပြီး ဘာမှမဖြစ်သလို ပြုံးပြကာ

" မဟုတ်ပါဘူး hyungရ။ မန်နေဂျာပက်က သဘောကောင်းပါတယ် "

" အဲဒါဆို မင်းမျက်နှာက ဘာဖြစ်တာလဲ။ မသိရင် ဖွင့်ပြောခံရလို့ စိတ်ညစ်နေတဲ့ရုပ်နဲ့ "

ခေါင်းကို ဆတ်ခနဲမော့ကြည့်ပြီးမှ မလုံမလဲဖြစ်သွားရတယ်။ ရိပ်မိမှာ စိုးလို့ အမူအရာ မနည်းပြင်လိုက်ရ‌သေးတယ်။
ဒီ hyung ကတော့ ဘာလို့ အကြားအမြင်ဆရာမလုပ်ဘဲ ဒီမှာ လာလုပ်နေလဲ မသိဘူး ။

" ပေါက်... ပေါက်ကရတွေ ပြောမနေနဲ့။
အလုပ်သွားလုပ်ဝောာ့ hyung "

" အေးပါဟ သွားမှာပါ "

ဆောနူ hyung သူ့နေရာသူ ပြန်သွားမှပဲ သက်ပြင်းချမိတော့တယ်....



🌃🐈

ညနေ 6 ထိုးရန် ငါးမိနစ်အလို တနည်းအားဖြင့် ရုံးဆင်းရန် ငါးမိနစ်အလို.....

မန်နေဂျာရုံးခန်းထဲမှ ထွက်လာတဲ့ ဌာနမှူးအီဟာ  တခုခုကို ပျော်နေဟန်။
ရုံးဆင်းဖို့ပြင်နေတဲ့ ဝန်ထမ်းတွေကို ခဏရပ်ခိုင်းထားပြီး ထုံးစံအတိုင်း သူရဲ့ vocal နဲ့အော်ပြောလိုက်တယ်။

" အားလုံးပဲ !!
မန်နေဂျာပက်က သူ့ရဲ့ပထမဆုံး ရုံးတက်ရက်မှာ ဝန်ထမ်းတွေကို ညစာစားပွဲ လုပ်ပေးမယ်လို့ ပြောပါတယ်။ အဲဒါ ကုမ္ပဏီနားက  အသားကင်ဆိုင်မှာ လုပ်မယ်လို့ အကြံပြုလိုက်တယ်။ အဆင်ပြေကြရဲ့လား "

" " ပြေပါတယ် " "

ကုမ္ပဏီရဲ့ မျက်စောင်းထိုးမှာ ဖွင့်ထားတဲ့ အဲ့ဒီအသားကင်ဆိုင်က ကျွန်တော်တို့လို လူနှစ်ဆယ်လောက်ရှိတဲ့ အဖွဲ့တွေအတွက် ညစာစားပွဲလုပ်ဖို့ အံကိုက်ပင်။ ခဏခဏစားဖူးပေမဲ့ စားတိုင်းမရိုးနိုင်ပါ။
အခုတော့ ဒကာခံမယ့်သူရှိတုန်း အဝကြိတ်ရတော့မည်။





Exact LOVE  // JaywonWhere stories live. Discover now