Part - 3 (Zg + Uni)

Start from the beginning
                                    

" ဟားဟား......ဟားဟား "

" အဲ့ဒါ မင်း ဘာရယ် တာလဲ မေသွေးခြယ်
ငါ မေးတာ မကြားဘူးလား...???  "

မေးတာကို မဖြေဘဲ ရယ်နေသော ချာတိတ် က
အတော်လေးကို ချစ်စရာကောင်းသည်။ 
ဒါပေမဲ့ ဘယ်လောက်ချစ်စရာကောင်းကောင်း
ဒီချာတိတ် ကို သူ အရမ်းမုန်းသည်။

" ကြားသားပဲ မဖြေချင်လို့ မမေးတာ....
အဲ့တာ ဘာဖြစ်လဲ...???  "

" မင်း ငါ့ကို ကတ်ကတ်လန်လန် ပြန်ပြောတယ်ပေါ့
မေသွေးခြယ်..... အတော်ဆိုးပါလား
မင်း ပါးစပ်က.... လာစမ်း...!!!!! "

အပြောနဲ့အတူ မေသွေးခြယ် နှုတ်ခမ်းပါးလေးကို
ခြံရံ အသားကုန် ညှစ်ပစ်လိုက်၏ ။

ထိုအခါ စူထွက်လာသော နှုတ်ခမ်းပါးပါးလျလျလေး
က နီနီရဲရဲ လေးနဲ့ ဂျယ်လီတုံးလေး
အလားပင်....။

" အာ.... အား....!!!! နာတယ်....သား နာတယ် "

မပီကလာ ပီကလာနဲ့ အော်နေသော မေသွေးခြယ်
ကို ခြံရံ ကြည့်ပြီး နာကျင်စွာ မဲ့ပစ်လိုက်၏ ။

" နောက်တစ်ခါ အဲ့ဒီနှုတ်ခမ်းပါးပါးသေးသေးလေး
က ငါ့ကို ပြန်ပြောဖို့ မစဉ်းစားနဲ့...!!!!  "

ပြောရင်း ခြံရံ ရေချိုးခန်းထဲ ဝင်သွားတော့
နောက်ကနေ ခေါင်းအုံး နဲ့ ပစ်ပေါက်တာကို
သူ ခံလိုက်ရသည်။

ကြည့်လိုက်တော့ မေသွေးခြယ် ပင်...။

ဘာလဲ မှတ်ပြီလား အဲ့တာ လုပ်ချင်အုံးဆိုတဲ့
အကြည့်နဲ့ပင်.....။

ခြံရံ အဲ့ဒီအကြည့်ကြောင့် စိတ်က အရမ်းတိုလာတော့
သူ မေသွေးခြယ် နား ရောက်ချသွားခဲ့သည်။

သူလည်း လာတော့ ချာတိတ်မ က ကုတင်ပေါ်
တက်ပြေး​လေသည်​။

" မေသွေးခြယ် အခုချက်ချင်း မင်း ကုတင်ပေါ်က
နေ ဆင်းစမ်း.....!!!!!  "

" မဆင်းနိုင်ဘူး ဘာဖြစ်လဲ နှာဘူးကြီးဦးလင်းခြံရံ...??
မဆင်းတော့ ဘာဖြစ်လဲ.... ဘလွတ်...ဘလွတ်
....ဘလွတ် "

သူ ပြောတာကို တစ်ခွန်းမခံ ပြန်ပြောရင်း
လျှာပါထုပ်ကာ ပြောင်နေတော့ စိတ်က ပိုတိုလာရသည်။

"   လွှတ်....လွှတ်....သားကိုလွှတ်...!!!!
နှာဘူးကြီး ဦးလင်းခြံရံ....!!!  "

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Where stories live. Discover now