"မောင်လေး နှိုင်းတု ..လိုအပ်တာရှိရင်
အမတို့ကို မေးလို့ရတယ်နော် ..."

"အော်... ဟုတ်..ကျေးဇူးပါဗျ
မသိတာတွေများလို့. အမတို့တော့
ဒုက္ခများတော့ မှာပဲ..."

"အို...ရတယ် အမတို့ကို အားနာစရာမလိုဘူး "

"ဟုတ်...ကျေးဇူးပါအမ..."

မဟေမာန်က နှိုင်းနဲ့ ဌာနတူပြီး ဖော်ဖော်ရွေရွေနှင့် အကူအညီပေးတတ်သူ တစ်ယောက်။နှိုင်းကို ရောက်စထဲက ဘာကူညီပေးရမလဲဟု ဦးစွာလာမေးသောသူ။မဟေမာန်ကြည့်ရတာ ဗွင်းဗွင်းရှင်းရှင်း မို့ ခင်စရာပင်။ခင်ရာဆွေမျိုးမို့ နှိုင်း မည်သူ့ဖြစ်ဖြစ် မိတ်ဆွေဖွဲ့ထားလျှင် မမှား။ယခုမှ ကျင်လည်သော သူအဖို့ ကူဖော်လောင်ဖက် အပေါင်းအသင်းလေးတော့ လိုသည် မဟုတ်လား။

"ဟဲ့..ဟေမာန် မောင်လေးနှိုင်းတုက
ချောလိုက်တာဟယ်... "

"အမလေး...သိရိရယ် သိက္ခာလေးဆယ်
အဟွင်းး.."

"ဟဲ့..ကြည့်ပါလား တကယ်ကိုချောတာ.
.ချစ်ချောလေး...ချစ်ချောလေး.."

" ချောတာက ..ဟုတ်ပါပြီ..
ချစ်ချောလေးက ဘာလဲ "

"ဟေမာန်ကလဲ ..မောင်လေးနှိုင်းတုက
ချစ်စရာကောင်းပြီး ချောတာလေ အာ့ကြောင့်
ချစ်ချောလို့ ခေါ်တာ..."

"ခွီးးး ဟဲ့ သိရိရယ် ပြောတတ်လိုက်တာအေ..
ဒါနဲ့ ပြောတော့..ဘော့စ်ရဲ့သား ကိုညီဟန်ကို
ချောလှပါပြီဆို.."

"အို..အဲ့တုန်းက မောင်လေးနှိုင်းတုကို
မြင်မှမမြင်ဖူးသေးပဲကို.."

"အေးပါဟယ်...ဒဿဂီရိ နဲ့
ဘာတော်လဲ မသိဘူး "

မဟေမာန်တို့က နှိုင်းမကြားဘူး အထင်နှင့် ပြောနေကြသည်ထင်သည်။နှိုင်းကတော့ အထင်သားကြားနေရသည်မို့ အော်ရယ်ပစ်လိုက်ချင်တာပါပဲ။နှိုင်းတင်မဟုတ် တစ်ဌာနလုံး ခေါင်းချင်းဆိုင်ပြီး အတင်းပြောနေကြသော မဟေမာန်တို့ကို သတိပေး ခြေဟန်လက်ဟန်တွေ ပြနေကြသော်လည်း  အလင်းမမြင်နိုင်ကြသူနှစ်ယောက်က ထာဝစဉ် အမှောင်ထဲတွင်ပဲ နေချင်ကြသည့်နှယ်။ကွယ်ရာမှာ ပြောနေကြ၍ အတင်းဟုသတ်မှတ်နိုင်သော်လည်းနှိုင်း ရုပ်ရည်ရူပကာ ကို ချီးမွမ်းခန်းဖွင့်နေကြသည်မို့ ဗွေမယူနိုင်။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now