Part - 1 ( Zg + Uni)

Start from the beginning
                                    

အရှိန်နဲ့  မောင်းထွက်သော ကားလေးကို ကြည့်ရင်း
အိမ်ထဲက ဦးတိုးရှိန် ခမြာ အရမ်းတွေ စိတ်ပူနေခဲ့သည်။

>>>>>>>>>>>>>>>>>

သား နာမည် က မေသွေးခြယ်  ၊ အသက် က
ဆယ့်ရှစ်နှစ်။ တက္ကသိုလ် ကတော့ ဒုတိယနှစ်...... ။
သား ပထမနှစ်မှာပဲ  မာမီ က ဆုံးသွားခဲ့သည်။
ဒါကြောင့် သား တို့မှာ အဖေ တစ်ခု သမီး တစ်ခုပဲ
ရှိသည်။ 

သား နာမည်က မေသွေးခြယ် ဆိုပေမဲ့ မာမီ က
သား ယောက်ျားလေး တအားလိုချင်တာကြောင့်
သားကို သားလို့ပဲ ခေါ်သည်။ ဒါတင်မက သား အဝတ်အစားတွေအစ မာမီ က ယောက်ျား
လေးလိုပဲ  ဆင်ပေးသည်။  သား ကလည်း
မာမီ ဆင်ပေးတဲ့ ယောက်ျားလေး အဝတ်အစားတွေ
ကို အရမ်းကြိုက်သည်။   ဒါကြောင့်  သား ပုံစံက ယောက်ျားလေးပုံပေါက်နေခဲ့သည်။

အခု ဒယ်ဒီ လက်ထပ်မယ့် ဒေါ်သက်ချို က သား
အမေ နဲ့ ပြိုင်ဘက် သူငယ်ချင်းတွေ .... ဒါတင်မက
သူ့ သမီး မိုးပုလဲ ကလည်း သား နဲ့  ရန်ဘက်.....
သား နဲ့ သား အမေ အရမ်းမုန်းတဲ့ လူကိုမှ
အခု ဒယ်ဒီ က လက်ထပ်လိုက်သည်။

အခု သား ဘယ်လိုလုပ်ရမလဲ...... ဒယ်ဒီ က သား
မုန်းတဲ့ လူကို လက်ထပ်လိုက်ပြီ ။
အတ္တ ကြီးတယ် ပဲဆိုဆို ဘာဆိုဆို ဒယ်ဒီ ကို
တခြားဘယ်မိန်းမနဲ့မှ သား သဘောမတူပါ။
ဒယ်ဒီ ကို သား တစ်ယောက်တည်းသာ ပိုင်သည်။
တစ်လောကလုံးမှာ ဒယ်ဒီ မိန်းမ က ဆုံးသားတဲ့
သား မာမီ မေနှင်းဆီ တစ်ယောက်တည်း ပဲ ဖြစ်ရမည်။

~~~~~~~~~~~~~~~~~~~

"  ​ကောင်​​လေး  မင်း ငါ့ကို ​နောက်​ထပ်​တစ်​ခွက်​​ပေး "

" ဟုတ်​ကဲ့  အစ်​ကို ........"

သား ဝတ်​ပုံစားပုံ​ကြောင့်​ သား ကို ​ယောက်ျား​လေးထင်​ပြီး
ပြော​နေ​သော waiter အား သား ရယ်​ချင်​မိသွားသည်​။
ဒါ​ပေမဲ့  သား  မရယ်​နိုင်​ပါ......အခုချိန်​ဆို ဒယ်​ဒီ က
အိမ်​မှာ မယားအသစ်​ နဲ့ သမီးအသစ်​ ရလို့ အရမ်း​ပျော်​​ရွင်
နေ​လောက်​ပြီ။

သား စိတ်​ညစ်​ညစ်​ နဲ့  waiter ချ​ပေးလာ​သော ​ကော့​တေး
တွေကို တစ်​ခွက်​ပြီး တစ်​ခွက်​ ​သောက်​​နေမိသည်​။

အမုန်းတော်ခံသတို့သမီး (လင်းခြံရံ+ မေသွေးခြယ်)Where stories live. Discover now