လက်ရုံးမနက်ကတည်းက သူ့အခန်းဘက် လှည့်ကြည့်သော်လည်း  တစိုးတစိသောအသံပင် မကြားရ။ဒီလူ အိပ်နေတာပဲ ဖြစ်ရမည်။မနက်စာစားတုန်းက အန်တီခင်ထားကတော့ သူ့သားကို တတ်ကြည့်ပါအုံးမယ် ဆိုပြီး သွားကြည့်သေးသည်။ဦးမာန်ရှိန်ကတော့ သူ့သားကို အလိုမကျဟန်။လက်ရုံးကတော့ မဆိုင်သည့်သူမို့ ဘာမှ၀င်မပြောဖြစ်။ပြောလည်း ဒီလူက နားထောင်မည်တဲ့လား။

လက်ရုံးလဲ အရီးမြကို ကူစရာ မရှိသည်မို့ ခြံထဲဆင်းတော့ ကိုအောင်ကျော်တစ်ယောက် ကားဂိုထောင်ထဲတွင် သန့်ရှင်ရေးလုပ်နေပုံရသည်။ကိုအောင်ကျော် က အသက်သုံးဆယ် အရွယ်လောက် ဖြစ်မည်ထင်သည်။ဖော်ဖော်ရွေရွေမို့ လက်ရုံး အရီးမြရော၊ကိုအောင်ကျော်ရော ကို စိမ်းမနေပါ။ နေရထိုင်ရတာ ပတ်၀န်းကျင်နှင့် မိမိဘေးက လူတွေကောင်းလျှင် ရှင်သန်ရတာ စိတ်ချမ်းသာစရာပင်။ပတ်၀န်းကျင်သစ်မှာ လူကောင်းတွေ တွေ့ရတာ လက်ရုံး ကံကောင်းသည် ပြောရမလား။

"ကိုအောင်ကျော် ကျွန်တော်ကူလုပ်ပေးရမလား "

"အော် လက်ရုံး ကူစရာမလိုပါဘူးဗျာ
ဘော့စ် ဧည့်သည်ကို ကူခိုင်းစရာလားဗျာ
ကြောက်တယ်..လက်ရုံးရေ "

"ကိုအောင်ကျော်ကလဲ‌ဗျာ
ကျွန်တော်လည်း ဦးမာန်ရှိန်တို့ဆီ
အလုပ်လာလုပ်တာပဲလေ "

"အေးကွာ အလုပ်လုပ်တာခြင်း တူပေမဲ့ ..
မတူတာတွေ..မတူဘူးလေကွာ "

ကိုအောင်ကျော်က လက်ရုံးကို ဦးမာန်ရှိန်တို့က ပိုအရေးပေးသည်ကို ပြောတာဖြစ်ရမည်။ထမင်းစားလျှင်လည်း လက်ရုံးက ဦးမာန်ရှိန်တို့နှင့်သာ စားရသလို၊နေရသည်မှာလဲ အိမ်ထဲတွင် ဖြစ်သည်လေ။ပြီးတော့ ဦးမာန်ရှိန်က အစစအရာရာလိုလေသေး မရှိ ထားပါသည်။အားနာစရာ မလိုကြောင်းကိုလည်း တဖွဖွ ပြောပါသည်။အန်တီခင်ထားကလည်း လက်ရုံးဆို အရေးပေးပါသည်။လက်ရုံးက ဒါတွေ ထည့်မတွက်သော်လည်း ကိုအောင်ကျော်တို့အတွက်တော့ လက်ရုံးကို ဦးမာန်ရှိန်တို့ အရေးပေးထားသည်များများကြောင့် ရှိန်နေပုံပင်။လက်ရုံးကတော့ အကုန်လုံးကို ကျောသားရင်သား မခွဲခြားဘဲ စိတ်ထားသည်မို့ ထည့်မတွက်မိလိုက်။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Dove le storie prendono vita. Scoprilo ora