Chapter-1 (U&Z)

16.9K 192 6
                                    

Unicode
Chapter-1

"ငါတို့နှစ်ယောက်မဆက်သွယ်ဘဲနေကြရအောင် မဒီ"

"ဟင် ဘာလို့လဲ မောင်"

မဒီက ဇေ့ ရင်ခွင်ထဲကနေမှီနွဲ့နွဲ့လေးနေပြီး မေးခွန်းထုတ်သည်။မောင်ဘာတွေအရူးထပြန်ပြီလဲမသိ။မောင်နဲ့မဒီက ရည်းစားသက်တမ်း ၁ နှစ် အတွင်းမှာရန်ခဏခဏဖြစ်ကြတယ်ဆိုပေမဲ့ လမ်းခွဲစကားတစ်ကြိမ်တစ်လေလေးတောင်မှ မပြောခဲ့ကြဖူးဘူးလေ။

"ဒီတိုင်းမောင့်စိတ်တွေရှုပ်နေလို့"

"ဘာကိုစိတ်ရှုပ်တာလဲမောင်ရယ် မဒီ့ကိုပြောပြလေ"

"ဒီတိုင်း"

"ဟောာ ပြောလေ မောင်ကလည်း ဘာကိုစိတ်ရှုပ်တာလဲလို့။‌အလုပ်မှာအဆင်မပြေဘူးလားဟင်။"

"မောင်ကောင်မလေးတစ်ယောက်နဲ့တွေ့နေတယ်"

"ဟင်"

"ဟုတ်တယ် မောင်အဲ့ကောင်မလေးကို ငြိနေမိပြီထင်တယ်။ဒါကြောင့်မဆက်သွယ်ဘဲနေကြရအောင်လို့ပြောတာ။"

မဒီယုံကိုမယုံနိုင်။မောင်ဘက်ကတည်တည်ငြိမ်ငြိမ်နဲ့လမ်းခွဲစကားပြောနေပေမဲ့ မဒီမှာတော့ဘာပြောရမှန်းမသိအောင် ဆွံ့အနေတာပင်။မောင်အသစ်တစ်ယောက်ကိုချစ်မိသွားလို့ မဒီနောက်ဆုတ်ပါ့မယ်လို့ပြောပြီး နွားမကြီးမဒီ လုပ်ရမလား။ဝုန်းဒိုင်းကျဲပြီး ပေါက်ကွဲပစ်ရမလား။ဘာလုပ်ရမှန်းကိုမသိနိုင်။

"နင်သေချာပြီလား"

"ဘာကိုလဲ"

"လမ်းခွဲကြမယ်ဆိုတာ"

"အင်း"

"အင်း သဘောပဲလေ"
ပြောပြောဆိုဆိုနဲ့မဒီလှည့်ထွက်မလို့လုပ်ရင်း

"မဒီ့ နင်ငါ့ကိုစိတ်မဆိုးဘူးလား"

"စိတ်ဆိုးစရာအကြောင်းမှမရှိတာ အရာအားလုံးအတွက်ငါကနင့်ကိုကျေးဇူးတင်တယ်"

(A/N-မဒီတော့မသိဘူး autumn ကတော့လမ်းခွဲကြတိုင်း အဲ့လိုစကားနဲ့ ex ‌တွေကိုစိတ်ကင်ဆာပေးနေကြ xD)

မဒီနဲ့ဇေနဲ့ရည်းစားစဖြစ်တည်းက ဇေကမလှုပ်တလှုပ်နဲ့ပင်။မဒီကသာ ကြွကြွရွရွစပ်စလူး။သူငယ်ချင်းတွေကတောင်မဒီ့ကိုဇေနဲ့မတွဲစေချင်ကြဘူးလေ။အဲ့တုန်းကတော့မဒီကဇေ့ရဲ့မလှုပ်တလှုပ် အေးတိအေးစက်ကိုသဘောကျတာပါဆိုပြီး အပြစ်မမြင်ပဲနှာမွှန်နေခဲ့တာပင်။အခုဇေ့လိုယောင်္ကျားမျိုးကဒီလိုစကားပြောခဲ့တာကိုယုံကိုမယုံနိုင်။

When Love Lasts (OC)Onde as histórias ganham vida. Descobre agora