“အ့ shit!”

လရိပ် သူ၏လက်မောင်းတွေကိုသာဆွဲကုတ်ထားပြီး မျက်လုံးတွေကိုမှတ်ထားပစ်လိုက်သည်။သူ့အပေါ်ကလှုပ်ရှားမှုနှင့်ညည်းညူသံတွေကရှက်စဖွယ်အတိုင်းသားကြားနေရ၏။ အပေါ်ကလူကသူ့အားပိုမိုတိုးကပ်ကာ ဖက်တွယ်ပြီးနှုတ်ခမ်းတွေကိုချိတ်ဆက်ရင်းအောက်ပိုင်းကိုလှုပ်ရှားသည်။ လရိပ်ကိုယ့်ကိုကိုယ် မုန်းမိသည်။ခန္တာကိုယ်ကသူ့အပြုမူတွေကို လက်ခံကာ အသား‌ကျနေပြီး သူ့ကျောပြင်ကိုသာအံကြိတ်ရင်ဖက်တွယ်ထားမိနေ၏။ကိုယ့်ခါးကပင် တစ်ခါတလေ မသိလိုက်စဉ်မှာပဲ သူအဆင်ပြေစေရန်အလိုက်သင့်လေးကော့ပေးနေမိသည်။ထိုတစ်ညလုံးက သူရှင်းခန့်၏ အပြုမူအောက်မှာလုံးပါးပါးခဲ့ရပြီး။လိုချင်သလိုလို၊မလိုချင်သလို ရှက်သလိုလို ရွံသလိုလိုလုပ်နေသည့် သူ့ကိုရှင်းခန့်ကအသံတယားယားဖြင့်အားရပါးရ စားသောက်ခဲ့မိလေ၏။

----
“ခွေးကောင် မင်းကြောင့်အလုပ်နောက်ကျပြီ”

“အလုပ်ထွက်လိုက်တော့ကျုပ်ရှာကျွေးနိုင်တယ်”

“တော်ပါ။တစ်ခုခု လေးရဖို့အတွက် ဟိုဟာလုပ်ပေး ဟိုလိုခုန်ပေး။ဘယ်လောက်အောက်ကျလဲ ငါလဲယောက်ျားတစ်ယောက်ပဲ”

“လင်မယားကြားမှာ အောက်ကျတယ်ဆိုတာရှိလား”

“ဘာ လင်မယားလဲ!ဒါဆို ပြောပါဦး။မင်းကရောငါ့ကိုတလေးတစားခေါ်နိုင်လို့လား”

“........”

“မခေါ်နိုင်ဘူးမဟုတ်လား အောက်ကျ‌တယ်ထင်နေတယ်မလား”

“ကျစ် အရမ်းနားညည်းတယ်။ဘယ်လိုခေါ်ရမလဲစဉ်းစားနေတာ ။ငယ်ငယ်တည်းက ခင်ဗျားလို့ပဲခေါ်လာတာ နှုတ်ကျိူးနေပြီ”

“မလေးမစားလုပ်လာတာ နှစ်ပေါက်နေပြီဆိုတော့ ဘယ်လိုလေးစားရကောင်းမှန်းမသိတော့ဘူးပဲ”

“ခင်ဗျားဗျာ စကားတွေများလိုက်တာ။ခေါ်စေချင်တဲ့နာမည်ရှိရင်ပြောလိုက်ပါလား။အဲ့လောက်ရစ်နေရတာ မိန်းကလေးလား”

“မင်းတွဲခဲ့တဲ့ဟာတွေနဲ့ လာမနှိုင်းနဲ့”

“အာ့။မနှိုင်းပါဘူးဗျား။ အစ်ကို အရမ်းရစ်တာပဲ”

My Bad Brother(Completed)Kde žijí příběhy. Začni objevovat