Part-17

6.2K 266 4
                                    

လရိပ်မျက်လုံးတွေပွင့်လျှက်အိပ်ယာမှနိုးလာသည်။ညကဆောက်လက်စဘန်ဂလိုကုတင်‌ ပေါ်မှာသူတို့အိပ်ပျော်သွားခဲ့ကြတာဖြစ်ပြီး အမိုးကပွင့်နေတာကြောင့် မနက်စောစောအအေးဓာတ်က လွှမ်းခြုံထားလေ၏။

ရာသီဥတုကအေးနေပေမယ့် သူ့ခန္တာကိုယ်ကရှင်းခန့်လက်မောင်းကြီးတွေနှင့်ပေါင်လုံးကြီးတွေကြားမြုတ်ဝင်နေတာမို့အအေးဓာတ်ကသူ့ဆီ မရောက်။ရှင်းခန့်၏ အပေါ်ထပ်ဂျာကင်လက်ရှည်မှာလဲသူ့ကိုယ်မှာလွှမ်းခြုံထားတာကြောင့် အအေးဒါဏ်ကိုမခံစားရ။သို့ပေမယ့် ရှင်းခန့်၏လက်မောင်းကြီးတွေကအေးစက်နေတာကြောင့်သူထပြီး ဂျာကင်နှင့်အုပ်ပေးလိုက်သည်။ကြည့်ရတာရှင်းခန့်ညကတော်တော်နှင့်မအိပ်ဘူးထင်သည်။ အခုထိနှစ်နှစ်ခြိုက်ခြိုက်အိပ်တုန်းပင်။ ဒီနေရာမှာစားသောက်ဆိုင်တွေကလည်းမရှိ စားဖို့အတွက်လဲဘာမှ မပြင်ဆင်ခဲ့ရတာကြောင့် အလုပ်သမားတွေပေးတဲ့ခေါက်ဆွဲခြောက်မနက်စာကို gas မီးဖိုလေးဖြင့်လရိပ်ပြုတ်နေ၏။ခေါက်ဆွဲခြောက်အနံ့ကမွှေးလို့လားမသိ ရှင်းခန့်နိုးလာပြီးသူ့အနားရောက်လာသည်။

“ဘာတွေလဲ”

“မင်းနိုးပြီလား..ခေါက်ဆွဲပြုတ်နေတာ”

“ဘယ်တုန်းကချက်တတ်သွားတာလဲ”

“ချက်တတ်စရာမှ မလိုတာ readymade ကိုရေနွေးထဲ ထည့်ပြုတ်ရုံပဲ”

“ဟုတ်လား။”

“နေပါဦးမင်း ဒါတောင်မသိဘူးလား”

“အရက်တံဆိပ်ပေါင်းစုံ။ဆေးလိပ်တံဆိပ်ပေါင်းစုံသောက်ဖူးတယ်။အဲ့တာမစားဖူးဘူး”

“မယုံနိုင်စရာပဲ”

ပန်းကန်လုံးထဲကိုခေါက်ဆွဲတွေခပ်ထည့်ပြီးရှင်းခန့်အားလှမ်းပေးလိုက်တော့ ရှင်းခန့်ကအငမ်းမရစားနေသည်။လရိပ်လည်းတအံ့တဩဖြစ်ကာ..

“ငါအိမ်မှာခေါက်ဆွဲခြောက်တွေဝယ်ထားတယ်။မင်းမသိဘူးဆိုတာမဖြစ်နိုင်ဘူး”

“မသိခဲ့ဘူး အိမ်ရောက်ရင်ထပ်လုပ်ပေးဦး”

အငမ်းမရစားနေပုံက လိမ်နေတဲ့ပုံနဲ့မတူတာကြောင့် လရိပ်လည်းထပ်မပြောတော့ပေ။ထိုစဉ်မှာပဲ ဆူညံသံတစ်ချို့ကြောင့် သူတို့ထသွားကြည့်လိုက်ကြသည်။

My Bad Brother(Completed)Where stories live. Discover now