Part-21

5.6K 247 10
                                    

သက်ဆိုင်ရာတွေကရှာဖွေနေပေမယ့် ပါပါးကဒီအတိုင်း‌ လှေစင်းလုံးငှားကာထပ်ရှာသည်။ဒါဟာမထိရောက်ဘူးဆိုတာသိပေမယ့် သူတို့စိတ်သက်သာရာရနိုင်မည့်ဘယ်ဟာမဆို အခုချိန်မှာသွေးရူးသွေးတန်းလုပ်နေကြသည်။ရဟက်ယာဉ်က လေယာဉ်အပိုင်းစကိုပြန်သယ်လာပြီဖြစ်ရာ ကံကောင်းထောက်မစွာအသက်ရှင်ကျန်သူတွေလည်းရှိသည်။သို့ပေမယ့်ရှင်းခန့်၏ ခရီးဆောင်အိတ်ကလွဲပြီး ရှင်းခန့်ကိုမတွေ့တာကြောင့် ပါပါးအပူကမငြိမ်းနိုင်ပဲ ဆက်လက်ရှာဖွေနေခြင်းဖြစ်သည်။

လေယာဉ်ထိုးကျသွားသည့်နေရာကိုမှန်းကာ လိုက်သွားတော့ ရန်ကုန်မြို့နှင့်အလွန်အလှမ်းဝေးသည့် ကမ်းရိုးတန်းဒေသတစ်ခုဆီရောက်သည်။ ထိုပျက်ကျသည့်နေရာကိုစက်လှေကြီးဖြင့် အချိန်ကြာမြင့်စွာမောင်းနှင်ရသည်။ထိုနေရာရောက်သည်နှင့်ကျောက်ချကာ ရေငုတ် ပိုက်ထိုးနှင့်အမျိုးမျိုးသောရှာဖွေမှုတွေပြုလုပ်သည်။ဒါဟာ ဓမ္မစေတီခေါင်းလောင်းကိုရှာဖွေနေသလို မရေရာမသေချာသည့်လုပ်ရပ်မျိုးဖြစ်တာကြောင့် တားကြပေမယ့်ပါပါးကလက်မလျှော့။

ပါပါးနှင့်အတူလရိပ်လည်းလိုက်ပါကာ အပူတပြင်းနေ့စဉ်ရှာဖွေသည်။အိမ်ပင်မပြန်နိုင်ပဲ ထိုအနီးနားက Hotel မှာတည်းပြီး မိုးလင်းသည်နှင့် ပင်လယ်ထဲသို့ဆင်းရှာလေသည်။ ပါပါးကနှစ်ရက်ဆက်တိုက်ထမင်းမစားနိုင်မအိပ်နိုင်ပဲရှာဖွေနေတာကြောင့် သူ့ကျန်းမာရေးကိုစိုးရိမ်နေရသည်။

“ဆရာ စိတ်ကိုလျှော့ထားလိုက်ပါတော့ လူဆိုတာသေတစ်နေ့မွေးတစ်နေ့ပဲမဟုတ်လား”

“ငါလိုအိုကြီးအိုမကမသေပဲ ဘာဖြစ်လို့ငါ့သားကသေရတာလဲ”

ငိုရင်းနှင့် ပါပါးကဒူးများခွေကျလာတာမို့ လရိပ်ကထိန်းလိုက်သည်။

“ပါပါး! သတိထားပါဦး။”

သို့ပေမယ့်အသက်ကြီးပြီး အားနည်းသူမှာလုံးဝခံနိုင်ရည်မရှိပဲ သတိလစ်သွားခဲ့သည်။

“ပါပါး..”

“ဆရာ..”

ပါပါးကိုချက်ချင်းပင် ဆေးရုံကိုပို့ခဲ့ရပြီး ထိုမှတစ်ဆင့် ရန်ကုန်ကပါပါးတတ်နေကြဆေးရုံကိုလွှဲတင်လိုက်သည်။လရိပ်ကတော့လိုက်မသွားသေးပဲ ပါပါးဆွေမျိုးတွေကိုဖုန်းဆက်အကူညီတောင်းလိုက်သည်။ပါပါးက အားပြတ်ပြီးလဲတာကလွဲတခြားစိုးရိမ်စရာမရှိတာကြောင့် လရိပ်ရှင်းခန့်ကိုပဲဆက်ရှာရန်ကျန်နေခဲ့လိုက်သည်။
----------

My Bad Brother(Completed)Where stories live. Discover now