Part 14

172 29 4
                                    

Immune
Part 14

"နေပါဦး...ခဏလေး နေပါဦး..အဲ့ဒီ Do Kyungsoo လား"

"ဘာ..မင်းသူ့ကိုဘယ်လိုသိတာလဲ"

"Chanyeol...ရှင် တအားတုံးလွန်းတာပါပဲလား
သူက Multi millionaire Do Myeonsoo ရဲ့သားလေ"

Hyeri က မှန်ထဲကနေ Chanyeol ကို လှမ်းကြည့်ရင်းပြောသည်။

"ရှင်တို့ အဖေချင်းတောင် ဆုံဖူးလောက်တယ်
အဲ့ဒီ Do Myeonsoo က လူကောင်းမဟုတ်ဘူးလို့ ကြားဖူးတယ်
တကယ်လည်းမကောင်းပါဘူးလေ"

Hyeri က သူ့ဘာသာ တီးတိုးပြောနေပေမဲ့ Chanyeol ကြားလိုက်ရသည်။

"အင်း...Chanyeollie.."

"ငါ့ကို အဲ့လိုမခေါ်ပါနဲ့"

ပြီးခဲ့တဲ့ညက ကိစ္စတွေကို ပြန်အမှတ်ရလာရင်း Chanyeol က မခေါ်ဖို့ တားလိုက်သည်။

"ပြီးရော Chanyeol-ssi ကျွန်မကြားဖူးတာတော့ Kyungsoo အမေဆုံးပြီးတော့ သူ့အဖေက သူ့ကို နှိပ်စက်ခဲ့တယ်တဲ့
အဲ့လိုကိစ္စတွေမဖြစ်ခင်တုန်းကတော့ Kyunsoo က ချစ်စရာကောင်းတဲ့ အလိမ္မာလေးပေါ့
နေဦး...ကျွန်မမှာ ပုံရှိတယ်"

Hyeri က ဖုန်းကို ထုတ်ပြီး Internet ကနေ ပုံရှာပြသည်။ Chanyeol က နောင်တရတဲ့စိတ်နဲ့ရော သူ့အကြောင်းပိုသိချင်တဲ့စိတ်နဲ့ပါ ဘာမှကိုပြောမထွက်တော့ပေ။

"ခုနကပြောနေသလိုပဲ မတော်တဆမှုမဖြစ်ခင်အထိ သူက အပြစ်ကင်းတဲ့ကလေးပဲ
သူပုံမှန်လို ကျောင်းသွားတွေ လူတွေရှေ့ လူလုံးပြခဲ့ရတယ်
သူ့အမေဆုံးသွားတဲ့ကိစ္စကို သူ့အဖေကလုံးဝမပြောဘဲ ၂ နှစ်လောက်ဖုံးကွယ်ထားခဲ့တာ"

Hyeri က Chanyeol ရဲ့ စိတ်ဝင်စားမှုအတိုင်းအတာကို သိရအောင် စကားကိုရပ်ပြီး အကဲခတ်နေသည်။ သူဘာတွေးနေသလဲ သိရအောင်လိုက်ကြည့်ပေမဲ့ Chanyeol ပုံစံက ဘာခံစားချက်မှမရှိသလိုဖြစ်နေသည်။

"Kyungsoo က ဘာမှမဖြစ်သလို ပုံမှန်အတိုင်း နေပြရတယ်
ကျောင်းမှာနေတဲ့ပုံနဲ့ အိမ်မှာနေတဲ့ပုံက လုံးဝမတူဘူးတဲ့
သူ့အဖေကလည်း မကြာမကြာ ရိုက်နှက်တတ်သေးတာ"

ခေါင်းငုံ့ပြီးရပ်နေတဲ့ Chanyeol ကို ကြည့်လိုက်ရင်း Hyeri က ဆက်ပြောသည်။

IMMUNE [Translation]Where stories live. Discover now