Part 23

169 23 0
                                    

Immune
Part 23

Sehun POV:

"Lunahhie မလုပ်နဲ့တော့..."

Sehun ကရယ်နေရင်း ပြောသည်။ သူ Kyungsoo စကာနားထောင်ပြီး ဒီ သရုပ်ဆောင် ကောင်လေးနှင့် တွေ့ခဲ့တာဖြစ်သည်။ ကံမကောင်းစွာပဲ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အံဝင်ခွင်ကျဖြစ်မနေခဲ့ပေ။ ပထမအချက်အနေနဲ့ Sehun က အရပ်ပုတဲ့ကောင်လေးတွေကိုပဲ သဘောကျသည်။ ဒုတိယအချက်ကတော့ Luhan က Jongdae တစ်ချိန်လုံး ပါးစပ်ကမချတဲ့ Baekhyun ရဲ့ ရည်စားဟောင်း Yixing ကို သဘောကျနေခဲ့တာဖြစ်သည်။

ဒါကြောင့်ပဲ သူတို့သူငယ်ချင်းလုပ်ဖို့ သဘောတူခဲ့ကြပြီး အစကရည်ရွယ်ခဲ့သလို ချိန်းတွေ့မှုမျိုးကို မလုပ်မိကြတော့။ Luhan က နောက်ဆုံး အာလူးချောင်းကြော်လေးကို စားလိုက်ပြီး mask ပြန်တပ်လိုက်သည်။
Sehun လည်း mask ပြန်တပ်လိုက်သည်။

"ဒီရက်ပိုင်း Sasaengs တွေများတယ်
မင်းကတော့ ငါ့အတွက် ထာဝရ Sasaengs ပဲ"

Luhan က Sehun ကို ရန်တွေ့သလိုပြောရင်း ရယ်လိုက်ကြသည်။ ထို့နောက် သူတို့ဆိုင်ထဲကထွက်ကာ Sehun ကားရှိရာဆီ သွားလိုက်ကြသည်။ သူတို့နောက်ကို တောက်လျောက်လိုက်နေတဲ့ အသားညိုညိုနဲ့လူရဲ့ သိမ်းငှက်လိုအကြည့်စူးစူးတွေကိုတော့ သတိမထားမိခဲ့ကြပေ။

Jongin POV:

ဟိုနှစ်ယောက်က ကားထဲဝင်သွားကြသည်။ အမှန်အတိုင်းပြောရရင် ကျွန်တော်ဘာလို့ ဒီလိုလုပ်နေမိမှန်းမသိ။ သူ့နှုတ်ခမ်းဖျားက လေပူငွေ့ငွေ့ကိုမှုတ်ထုတ်ပြီး နာရီကြည့်လိုက်တော့ ည ၈ နာရီရှိနေပြီ။ သူတို့နောက် ဆက်မလိုက်ဘဲ ကားရှိရာဆီပြန်လာပြီး ကားပေါ်မတက်ခင် Jongdae ကိုဖုန်းခေါ်လိုက်သည်။
အံ့ဩစရာကောင်းစွာပဲ Jongdae က ပါတီပွဲတစ်ခုမှာရှိနေတာမဟုတ်ဘဲ Baekhyun အိမ်ရောက်နေတာဖြစ်သည်။ ဘာလုပ်နေကြလဲဆိုတာတော့ သူတို့သာသိလိမ့်မည်။

တစ်ယောက်တည်း အိမ်ကိုကားပြန်မောင်းနေရင်း ထိုလူအကြောင်း မစဉ်းစားဘဲ မနေနိုင်ခဲ့။ သူကဘယ်သူလဲ။ သူတို့ချင်း ဘယ်လိုပတ်သက်ကြတာလဲ။ သူခေါင်းကိုယမ်းလိုက်ပြီး ဘယ်သူမှရှိမနေတဲ့ အိမ်ဆီကိုသာ ကားပြန်မောင်းနေလိုက်တော့သည်။

IMMUNE [Translation]Hikayelerin yaşadığı yer. Şimdi keşfedin