Part 7

217 35 0
                                    

Immune
Part 7

Kim bros POV:

"မင်း ဘယ်သူလဲ"

ညီအစ်ကိုနှစ်ယောက်လုံး တစ်ပြိုင်တည်း မေးလိုက်သည်။
လူစိမ်းက ပခုံးတွန့်ပြပြီး သူ့ရဲ့ ဘောလုံးအင်္ကျီကျောဘက်ကို လှည့်ပြသည်။

Baekhyun
No. 4

"မင်း အပြင်လူတွေပါဖိတ်တော့ ဒီလိုတွေဖြစ်လာတာပေါ့"

Jongin က Jongdae ရဲ့ နောက်စေ့ကို လှမ်းရိုက်ရင်းပြောသည်။ Jongdae က တံတောင်နဲ့ ပြန်တွတ်ရင်း...

"မင်းသူ့ကို သဘောမကျဘူးလို့တော့ မပြောနဲ့နော်"

"နေပါဦး မင်း အစ်ကို Taeyong ကိုရော ဖိတ်ထားတာလား"

"အစ်ကို ကျွန်တော်ပြောခဲ့တယ်လေ တစ်ကျောင်းလုံးကိုဖိတ်ထားပါတယ်ဆို"

သူတို့ဘေးက ဖြတ်သွားတဲ့လူကို လိုက်ကြည့်ရင်း Jongdae  က ပြန်ဖြေလိုက်သည်။Jongdae ဆီက အစ်ကိုဆိုသည့်ခေါ်သံကြောင့် Jongin စိတ်ထဲ ပြုံးလိုက်မိသည်။

💫

Chanyeol POV:

ကျွန်တော် ကလပ်ကနေ အိမ်ပြန်ရောက်လာပြီးတော့ Jongdae ဆီကနေ ဖုန်းဆက်ပြီး ပါတီရှိတဲ့အကြောင်းပြောသည်။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ တခြားကိစ္စတစ်ခုရှိနေသည်။

"Chenle"

ကျွန်တော့် ညီငယ်လေးကို စိတ်ရှည်ရှည်ထားပြီးခေါ်လိုက်သည်။ မိနစ်အနည်းငယ်ကြာမှ လှေကားကနေ ပြေးဆင်းလာသံကြားရသည်။

"ဟုတ်ကဲ့ အစ်ကို"

"မင်း Sehun နဲ့ဘယ်မှာတွေ့တာလဲ
သူ့အိမ်မှာလား သူက ဟိုလူသေးလေးနဲ့တူတူရှိနေတယ်ဆိုတော့ Kyungsoo အိမ်မှာတွေ့ခဲ့တာ ဟုတ်တယ်မလား"

ကျွန်တော် ဖုန်းကို အထက်အောက် ပွတ်ဆွဲကြည့်နေရင်း သူ့ကိုမေးလိုက်သည်။

"ဟုတ်တယ် ကျွန်တော်သူ့ကို အဲ့မှာတွေ့ခဲ့တာ
Kyungsoo အိမ်ထင်တာပဲ"

"လိပ်စာက ဘယ်နားလဲ"

"အင်း...ဟို ကျွန်တော် မသေချာဘူး"

Chenle က သူလိပ်စာဘယ်နားရေးမှတ်မိလဲ စဉ်းစားရင်း ပြန်ဖြေသည်။

IMMUNE [Translation]Where stories live. Discover now