"ဟင်.. မာမီ့သားလေး ဒီကိုလာပါအုန်း
လွမ်းနေလိုက်ရတာ "

မာမီက နှိုင်းကို ပွေ့ဖက်ချင်ဟန်ခေါ်သောကြောင့် မာမီ့ရင်ခွင်ထဲ၀င်တော့

"အမလေး .. ငါ့သားလေး အသားတွေလည်း
ညိုကုန်ပါပြီ ပြောစမ်း မာမီ့ကို မလွမ်းဘူးလား
ဒီလောက်အကြာကြီး ပစ်ထားတာ ဒီရွာမှာ
ဘာမက်မောစရာတွေများ တွေ့ထားလို့လဲ ဟင်.. "

"ပစ်ထားတာ မဟုတ်ပါဘူး
သား မာမီ့ကို လွမ်းနေတာပါ"

မက်မောစရာလေးလည်း ရှိတာပေါ့ မာမီ ရှိတယ်။ကွယ်ပျောက်နေတဲ့ အဖိုးတန်ရတနာတွေထက် အဖိုးတန်တဲ့ကျွန်တော်ကိုယ်တိုင် ရှာဖွေတွေ့ရှိထားတဲ့ အဖိုးတန်သက်ရှိလေး။ကျွန်တော် ပညတ်ထားတဲ့ အဖိုးတန်လေး။လရောင်အောက်မှာ ခက်ခက်ခဲခဲပွင့်တဲ့ ကုမုဒြာလိုမျိုး လှလှပပနဲ့ အဖြူထည်လေး။ကျွန်တော့် မက်မောစရာလေးက ရှေ့ကကောင်လေး ဖြစ်ကြောင်းကိုတော့ နှိုင်း ဖွင့်မပြောမိတော့။

"အတတ်လေးပါရှင်..မာမီက ငါ့သားလေးကို
ပြန်လာခေါ်တာ တစ်ခါတည်း ပြန်လိုက်ခဲ့ရမယ်
ဒီလောက်လွမ်းခိုင်းထားရင် တော်ပြီပေါ့"

နှိုင်း အဖြေတို့ပင် ပြန်မပေးမိတော့။‌နှိုင်း ရှေ့တွင် မျက်နှာချင်းဆိုင်ရှိနေသော ကောင်လေးကို ကြည့်ပြန်တော့ နှိုင်းကိုပြန်လာခေါ်သည်ကို သဘောမကျဟန်လား၊စိတ်မကောင်းဖြစ်နေဟန်လား မကွဲ။ သေချာသည်က ဒီကောင်လေးမျက်နှာ ညှိုးငယ်နေပါသည်။ဒါ နှိုင်းသိတဲ့ ကောင်လေးရဲ့ ဗီဇမဟုတ်။ဒါ သူ့ပုံစံမဟုတ်။နှိုင်းမှမပျိုးရင် မလန်းတော့မဲ့ ပန်းလေးလိုမျိုး။နှိုင်းမှ မထိလျှင် မညှိုးတော့မည့် ထိကရုန်းလေးလိုမျိုး။ကြယ်မစုံ လမသာတဲ့ ညတွေလိုမျိုး။နှိုင်းကြောင့်ဆိုပါက မဖြစ်။

နှိုင်း မာမီ့ကို ဘာမျှပြန်မပြော၍ထင်သည် စကားဝိုင်းကြီးက တိတ်လို့ဆိတ်လို့။နှိုင်း ပြန်‌ဖြေမည်ကို စောင့်စားနေကြဟန်။

ဤသည်ကို ချိုးဖျတ်စကားဆိုလိုက်သည်က ဒယ်ဒီ

"ဒါနဲ့ မောင်လက်ရုံး.."

"ကျွန်တော်လည်း လိုက်ခဲ့မယ်"

ဟင် ..အခု ဒီကောင်လေးက ဘာအစပျိုးမှုမှ မရှိပါပဲ ပြောလိုက်သည်က နှိုင်းတို့နဲ့ အတူလိုက်မည်ဟုလား။ဦးကြီးနှင့် အရီးကြည့်ပြန်တော့လည်း အံ့ဩနေဟန်။ဒယ်ဒီသည်လည်း ပြောနေသည်ပင် ရပ်တန့်သွားလိုက်ပုံများ။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]حيث تعيش القصص. اكتشف الآن