"ဟုတ်ပါတယ်၊ မစ္စတာလည်း ဒီနေ့ နေ့လည်အချိန်အားနေတာနဲ့ အတော်ပဲ ဖြစ်သွားတယ်"

များများစားစားမစဉ်းစားတော့ဘဲ ပိုင်ကွမ့်ကျန်လည်း ဇုချီကိုတွေ့ဖို့ ဝမ်းသာအားရနဲ့ အိမ်ထိန်းကျောင်း နောက်ကို သူငယ်ချင်းတစ်စု ဦးဆောင်ပြီး လိုက်သွားလိုက်သည်။

ထိုအချိန် စာကြည့်ခန်းမှာရှိနေတဲ့ ရွှယ့်ကျွယ်က ဗီဒီယိုအစည်းဝေးတစ်ခု ပြီးသွားတော့ အပြင်ထွက်ပြီး ဇုချီကို သွားကြည့်တော့မယ့်အချိန် ရုတ်တရက် တံခါးခေါက်သံကြားလိုက်ရသည်။

"ဝင်လာခဲ့"

ရွှယ့်ကျွယ် လေးလံနေတဲ့ မျက်ခွံတွေကို ပွတ်ပြီး ပြန်ထိုင်လိုက်သည်။

အိမ်ထိန်းကျောင်း တံခါးဖွင့်ပြီး

"သခင်ကြီး မစ္စတာပိုင်နဲ့ သူ့သူငယ်ချင်းတွေ ဒီမှာရောက်နေတယ်" လို့ တိုးတိုးလေးပြောလိုက်သည်။

အိမ်ထိန်းကျောင်းက တံခါးဖွင့်ပေးရင်း ပိုင်ကွမ့်ကျန် နဲ့ အခြားသူတွေအတွက် နေရာထိုင်ခင်း စီစဉ်ပေးဖို့ အတွင်းရေးမှူးကျောင့်ရှောင်နဲ့ အလုပ်ရှုပ်နေပြီး သူတို့အတွက် လက်ဖက်ရည်နဲ့ အဆာပြေမုန့်တွေပါ ပြင်ဆင်ပေးလိုက်သည်။

ခဏအကြာမှာ အိမ်ထိန်းကျောင်း နဲ့ ကျောင့်ရှောင် အခန်းထဲကထွက်သွားကြပြီး စိတ်ရှုပ်ထွေးနေကြတဲ့ ရွှယ့်ကျွယ်နဲ့ ပိုင်ကွမ့်ကျန်တို့က အချင်းချင်းကြည့်နေကြသည်။

ရွှယ့်ကျွယ် မျက်နှာစိမ်းတချို့ကို ငြိမ်သက်စွာ စိုက်ကြည့်နေသည်။ ပိုင်ကွမ့်ကျန်က သူ့သူငယ်ချင်းတွေနဲ့ အရင်မိတ်ဆက်ပေးမယ်လို့ ထင်ခဲ့ပေမယ့် အချိန်အတော်ကြာအောင် စောင့်ပြီးတဲ့အထိ တခြားတစ်ဖက်က ဘာတုံ့ပြန်မှုမှ မတွေ့ရဘူး။

တစ်ချိန်တည်းမှာပဲ ထိုလူတွေရဲ့ မျက်လုံးက တစ်ယောက်ယောက်ကို မျှော်နေတာကိုတွေ့ရတော့ ပိုပြီးစိတ်ရှုပ်ထွေးလာသည်။

အတန်ကြာ တိတ်ဆိတ်နေတဲ့နောက် ရွှယ့်ကျွယ်က

"ဥက္ကဌပိုင်၊ ဒီနေ့ ကျွန်တော်တို့ စာချုပ်နဲ့ ပတ်သက်တဲ့ ကိစ္စ ဆွေးနွေးဖြစ်အုံးမှာလား?"

လူချမ်းသာကြီးရဲ့ကလေးကို ငါလွယ်ထားရတယ် [BL]Kde žijí příběhy. Začni objevovat