သူမသည် ဝက်ခြံနှင့် ကြက်ခြံသန့်ရှင်းရေးကို နွေစပါးရိတ်သိမ်းချိန်နှင့် ဆောင်းဦးရာသီရိတ်သိမ်းချိန်တို့တွင်သာ လုပ်ဆောင်ပေးတာ ဖြစ်သည်။ ကျိုးချင်းပိုင်က ဘာမှ လုပ်စရာမရှိ၍ အနားမယူချင်ပါက တောရိုင်းအသားအချို့ သွားရှာနိုင်ခဲ့သည်။

သူ ဟင်းစားနည်းနည်းလောက် ရလာရင် နောက်နေ့အတွက် ဟင်းတစ်ခွက် ထပ်ထည့်လို့ ရတာပေါ့။

ကျိုးချင်းပိုင်က လယ်ငါးနှင့် ငါးရှဥ့်ကို ဖမ်းဖို့ ညနေခြောက်နာရီခွဲတွင် အိမ်မှာ ထွက်သွားခဲ့ပြီး ခုနစ်နာရီထိုးသည်အထိ ပြန်မလာသေးပေ။ ဒီနေ့ရက်တွေမှာ နေ့တာရှည်သောကြောင့် မှောင်စပျိုးရုံသာ ရှိသည်။

ကျိုးချင်းပိုင် ငါးဖမ်းပြန်ရာမှ အိမ်ပြန်ရောက်တော့ လယ်ငါလေး ခုနစ်ကောင် ရှစ်ကောင်ခန့်သာ ရလာပြီး ငါးရှဥ့်တစ်ကောင်မျှ မရလာခဲ့ပေ။

"အရင်ဆုံး ရေထဲထည့်ထားလိုက်။ နောက်တစ်ခါ များများ ရတဲ့အခါကျ အတူတူ ရောချက်စားတာပေါ့။" လင်းချင်းဟယ်သည် ရလာသည့် ငါးတွေကို တစ်ချက်လှမ်းကြည့်ရင်း ပြောလိုက်သည်။ ထို့နောက် သူ့ကို ရေချိုးပြီး အိပ်ဖို့ ပြင်ဆင်ခိုင်း၏။

လင်းချင်းဟယ်သည် ငရုတ်သီးဆော့စ်ကို ဒီနေ့အပြီးလုပ်ခဲ့ပြီး သန့်သန့်ရှင်းရှင်း အိုးတစ်လုံးထဲသို့ ထည့်လိုက်သည်။

ငရုတ်သီးဆော့စ်ကို ပြုလုပ်ရတာ အလွန်လွယ်ကူသည်။ ငရုတ်သီးကို နုတ်နုတ်စဥ်း၊ ကြက်သွန်ဖြူ နုတ်နုတ်စဥ်း ပြီးတော့ ဆားထည့်ပြီး ရောမွှေလိုက်ရုံပဲ။ ဒီသုံးမျိုးကို နှံ့နှံ့စပ်စပ်‌ရောသမွှေလိုက်တာနဲ့ ငရုတ်သီးဆော့စ်ဖြစ်သွားသည်။

ကြက်သွန်ဖြူကို များများ ထည့်လျှင် အရသာ ပိုကောင်းသည်။

အိုးထဲမှာ လဝက်လောက် နှပ်ထားလိုက်ပြီးလျှင် အသင့် စားသုံးနိုင်သည့် ငရုတ်သီးဆော့စ် ရလာသည်။

လင်းချင်းဟယ်က သူမရဲ့ အချက်အပြုတ်လက်ရာအပေါ် ယုံကြည်မှု ရှိသည်။ ငရုတ်သီးဆော့စ်တစ်ပုလင်းက မိသားစုတစ်ခုလုံး စားရန် မလုံလောက်သည့်အတွက် ဒီတစ်ခါမှာတော့ ငရုတ်သီးအမြောက်အမြားကို ပြန်ယူလာပြီး ငရုတ်သီးဆော့စ် ပုလင်းအနည်းငယ်ခန့် ပြုလုပ်ထားပြီး ဖြည်းဖြည်းချင်းစားဖို့ စီစဥ်ခဲ့သည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now