ထိုစဉ်   နှိုင်းရပ်နေရာနေရာကို ရှုတည်တည်နှင့်ရောက်လာသောကောင်လေး။ပြီးတော့ သူ့ကုပ်ပိုးတွေကို လက်ဖဝါးနဲ့ ပွတ်သပ်ပြီး မသိလျှင်ရှက်နေသလိုမျိုး။နေပါအုံး ဒီကောင်လေး အခုနှိုင်းကို ရှက်နေတာလား။ ခပ်ချောချောမျက်နှာလေးကို အမြဲတည်တင်းထားသော ကောင်လေးက အခုရှက်နေတာပါလား။လူကြီးရှက်ရင် ရယ်သည်ဆိုသလိုမျိုး ခုကရယ်တာမဟုတ်ပဲ ရှက်ပြုံးလေးနှင့်။နှိုင်းကို လုပ်ချင်တာတွေလုပ်ပြီး ရှက်နေတဲ့ကောင်လေးကလဲ နှိုင်းစိတ်ထဲတော့ ချစ်စရာကောင်းနေပါသည်။နှိုင်းကရော ဘာထူးလို့လဲ ။အစောကပဲ ရင်တွေ တလှပ်လှပ်ခုန်ခဲ့သေးသည် မဟုတ်ပါလား။

>>>>>><<<<<

ရွှေရောင်အဆင်းနှင့် အလှူရှင်အမည်နာမများ ရေးထိုးထားသော ဘေးတစ်ဖက်တစ်ချက်တွင် ကျားရုပ်ကြီးများနှင့် ၊အောက်ဘက်တွင် နဂါးသဏ္ဍာန်များကို ရုပ်လုံးကြွစွာ ထုဆစ်ထားသော 'သာယာကုန်းကျေးရွာကျောင်းတိုက်' ဟူသော မုဂ်ဦးကြီးသည် ရွာ၏ ကျက်သရေဆောင်ဖြစ်သည်။ဘုန်းတော်ကြီးကျောင်းများ၏ အမှတ်အသားဖြစ်သော တံခွန်တိုင်မှ ခေါင်းလောင်းသံ လေးများက တချွင်ချွင် နှင့်သာယာနာပျော်ဖွယ်။ခုနှစ်ရက်သားသမီးများ ဆုတောင်း‌ခြွေနိုင်စေရန် တည်ထားသော စေတီကြီးကလည်း သပ္ပါယ်လွန်းလှစွာ။ကျောင်းတိုက်အတွင်းသို့ ၀င်ရန် ထားရှိသော လျှောက်လမ်းလေးက ပင်မတရားဟောကျောင်းဆောင်ကြီးဆီသို့။အရိပ်ရ သစ်ပင်များအပြင် ရောင်စုံတရုတ်စံကားပန်းပင်များကလည်း စင်စစ်အေးချမ်းဖွယ်။တရားဟောကျောင်းဆောင်ကြီးရှေ့ရှိ ကွင်းပြင်သည် ကျောင်းတိုက်အတွင်းရှိ ကိုရင်သာမဏေများ ပြေးလွှားဆော့ကစားကြရာနေရာ။ဘုန်းတော်ကြီးကျောင်းနှင့် အုတ်တံတိုင်းသာ ခြားသော စာသင်ကျောင်းတော်ကြီးသည်လည်း ဂုဏ်ယူ၀င့်ကြွားစွာ။

‌တရားဟောကျောင်းဆောင်ပေါ်သို့ တတ်လိုက်သည်နှင့် လျှောက်လှမ်းရသော ကျွန်းပိတ်လှေကားကြီးသည်လည်း ကနုတ်ပန်းများရေးထိုးထားသေးသည်။ကျောင်းတိုက်ပေါ်ရှိ တစ်ရွာလုံးမှ ဖူးမြော်သော ထိုင်ကိုယ်တော် ဆင်းတုကြီးသည်လည်း (၂၄)ပစ္စည်း စက်ဝိုင်းနှင့် အစီအစဉ်တကျ ပြေးလွှားနေသော ရောင်စုံ အော်တိုမှိတ်တိတ်မီး နောက်ခံကြောင့် ပို၍ ကြည်ညိုဖွယ်။ရွှေအဆင်း၊ငွေအဆင်းနှင့် သာမာန်ထက်ပို ကြီးမားရှည်လျားသော ဘုရားပန်းအိုးများသည်လည်း ပန်းတိမ်ငို၊သစ္စာပန်း စသည်ဖြင့် ထည့်လှူပူဇော်ထားသော ပန်းမြတ်များနှင့် ပနံသင့်လွန်းလှစွာ။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now