သူ ချန်းယောလ်ကို မုန်းလိုက်တာ။

ဘယ်တော့မှ တစ်ယောက်တည်းမထားခဲ့ဘူးဆို...
ဘယ်တော့မှ မစွန့်ပစ်ဘူးဆို...
ဘယ်သူ့ကိုမှ မယုံရင်တောင် မင်းကိုတော့ ယုံလို့ရတယ်ဆို...
မင်းမို့လို့ ယုံလိုက်ရင် ဖြစ်တယ်ဆို...

Hak....

လူညာ....

၁လနီးပါး အခန်းထဲမှာ စီးကရက်တွေချည်းသောက်နေတဲ့ ဘတ်ဟျွန်းက နောက်ဆုံးတော့ လောကကြီးနဲ့ ခေတ္တအဆက်ပြတ်သွားတယ်။
ထမင်းလာပို့တဲ့ ဉီးလေးကြီးတွေ့လို့ ဆေးရုံကို တင်ပေးတာမြန်လို့ ကံကောင်းသွားတယ်ဆိုတဲ့ အသံတွေကို လူနာလာမေးတဲ့ ရပ်ကွက်ထဲက အန်တီကြီးတွေရဲ့..

"အမလေး တော်ပါသေးရဲ့..."

ဆိုတဲ့ စကားရဲ့နောက်မှာ အကြိမ်ပေါင်းများစွာကြားရတာကြောင့် ဘတ်ဟျွန်းသိခွင့်ရခဲ့တယ်။
အိမ်မက်ထဲကိုတောင် အလည်မလာတော့တဲ့ ချန်းယောလ်က ဒီတစ်ခါလည်း ဘတ်ဟျွန်းက အိမ်မက်ကို တကယ်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်လိုက်ရင် ဘတ်ဟျွန်းနဲ့ ပြန်ဆုံရမှာဆိုးလို့ ထင်ပါရဲ့။

ငါမင်းကို တကယ်မုန်းလိုက်တာ ချန်းယောလ်....

တကယ်ကို မုန်းလိုက်တာ...

ငါ့မှာ မင်းအပြင်မရှိတာ သိရက်နဲ့ ...
မင်းကလွဲရင် ငါ့တစ်ဘဝစါမှာ ဘာမှ မကျန်တာသိရဲ့နဲ့...
မင်းမှ မဟုတ်ရင် မဖြစ်ဘူးဆိုတာသိရဲ့နဲ့...
မင်းမို့လို့...
မင်းမို့ ထားခဲ့ရက်တယ်...

လှိုင်းလေးပုတ်သလိုမျိုး
ကမ်းစပ်က သင်္ဘောကြီး ဝေးလွင့်သွားသလိုမျိုး
ဝေဟင်ပေါ်ပျံတက်သွား လေယာဉ်တစ်စ်ီးရဲ့ ပန်ကာလည်သံလိုမျိုး
မင်းထွက်သွားတယ်ဆိုတာ သေချာဖို့
တကယ်ကြီး ဝေးကွာသွားတယ်ဆိုတာ လက်ခံနိုင်ဖို့
ဒီတစ်ခေါက်ရော အိမ်မက်မဟုတ်ဘူးဆိုတာ သေချာချင်လို့
ချန်းယောလ်ရေ မေးပါရစေ
ငါတို့ သံသရာတစ်ကွေ့မှာ ပြန်ဆုံနိုင်ဉိးမှာလား။
ပြန်ဆုံဖို့ကို မျှော်လင့်လို့ ရပါရဲ့လား။
ချန်းရေ တကယ်ကြီး ဝေးသွားကြဖူးတာ သေချာဖို့ ပြန်တွေ့ရင် အတည်ပြုပေးဖို့တော့ လိုမယ်ချန်း။

အတည်ပြုချင်ယုံလေးမို့ ဘယ်လောက်ကြာကြာပြန်တွေ့ကြမှ ဖြစ်မှာ။
ငါမင်းကို မုန်းပြစ်လိုက်တာမို့ ဒီတစ်ခါပြန်တွေ့ရင် မင်းကပဲ စခေါ်ပါ။
ငါမင်းကိုမုန်းရင်း တောင့်ခံနေမှာမို့ သံရာတစ်ကွေ့မှာ ပြန်ဆုံတဲ့အခါ မင်းဘက်က လက်အရင်ကမ်းပါ။
ငါကတော့ မင်းကို မုန်းတာမို့
တကယ်ကို မုန်းပစ်လိုက်တာမို့
တစ်ချိန်က ချစ်ခဲ့ဖူးတာသေချာရင်
ငါ့မျက်ဝန်းတွေကို တည့်တည့်ကြည့်လို့
ငါ့ဆီ လျိုတိုးတောင်းပန်ပါ။
ဒါ့အပြင် အဲ့ဒီအချိန်ထိလဲ ချစ်နေသေးတယ်ဆ်ုရင် တစ်ကနေ စပြီးပြန်လိုက်ပါ
ငါမင်းကို မုန်းနေဉီးမှာမို့..
ပြီးရင် တစ်ဘဝစါဆိုတဲ့ ကတိကိုတည်ပါ ချန်း။
ငါမင်းကို တကယ်ကြီးမမုန်းလိုက်ချင်တာမို့....

MINE(Completed)Where stories live. Discover now