"အဲ့တာပဲ စဉ်းစားမနေပဲမောင့်ကိုမေးလိုက်တာမဟုတ်ဘူး  ပြော ဘာလို့မန္တလေးကို ပြန်သွားတာလဲ မောင်မရှိတုန်း လစ်ထွက်သွားတာလားပြော"

"မဟုတ်ပါဘူး သွားဖို့ရက်နီးနေတော့ ပြင်ဆင်စရာရှိတာပြင်ဆင်ရအောင် စောပြန်လာတာပါ"

မဟာတစ်ယောက် ခုမှသတိရသည် သူ့မက
နောက်လထဲမှာ ပညာတော်သင်သွားရမှာကို
သူမေ့နေမိသည်။ခုမှ ချစ်သူဖြစ်ပြီးစချိန်မှာ သူမနဲ့ သူခွဲမနေနိုင်ပေ။နေဝင်ချိန် ကျုံးနဘေး အလှကိုလဲ သူတွေးရင်း ကြည့်နေပေမဲ့ စိတ်က နေဝင်အလှကိုလဲမခံစားနိုင် သူချစ်ရတဲ့ သူမနဲ့ခွဲနေရမှာကိုသာ တွေးနေမိသည်။

မောင့်ဆီက သက်ပြင်းချသံကြောင့်  ရင်ခွင်ထဲကနေ သူမမော့ကြည့်မိသည်။

"မောင့်အသည်းက ဘယ်တော့သွားမှာလဲ"

"နောက်လ ၂၄ ရက်နေ့မှာသွားရမှာ  ဟိုမှာကကျောင်းတက်ရင်း  အလုပ်ပါတွဲလုပ်ရမှာဆိုတော့ ဆေးရုံးမှာ ကြိုတင်သွားပြီး အလုပ်ဝင်ထားရမှာမို့လို့ စောသွားတာ"

"မောင့်မှ  မောင့်အသည်းနဲ့မခွဲချင်တာ  ဒါပေမဲ့ မောင့်ချစ်သူကဆရာဝန်မလေးဒီထက်ပညာတက်ဖြစ်အောင်  မောင်ကပါရမီဖြည့်ပေးမှာပါ  အရမ်းလွမ်းလာရင် လေယာဉ္ကြီး စီးပြီးလာတွေ့မှာပေါ့  "

သူမသွားမှာကို ကြိုလွမ်းနေပြီး  ရင်ခွင်ထဲကလူကို မေ့နေတဲ့သူ့ကြောင့် တစ် ချက်ခိုးရယ်မိသည်။မချစ်မိအောင် တင်းထားတဲ့စိတ်တွေကို အရည်ပျော်အောင်လုပ်နေတာလားမောင်။

"ဟိုရောက်ရင်  အချိန်မှန် video call ပြောရမယ် ဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာကို စာပို့ရမယ်နော်  အသိမိတ်ဆွေ  ဖွဲ့ရင်လဲ မောငိ့ကို   ပြောပြရမယ် မိတ်ဆက်ပေးရမယ်
နော်မောင့်အသည်း  မဖြစ်ပါဘူးကွာ  သွားတဲ့နေမောင်ကိုယ်တိုင်လိုက်ပြီး နေရေးထိုင်ရေးလိုက်လုပ်ပေးရမယ်"

"စိတ်လျှော့ပါမောင်ရယ်  စံမသွားသေးပါဘူး ပြီးတော့  အတူသွားမယ့်လူတွေနဲ့မောင်လိုက်လာတော့ ဘယ်ကောင်းပါ့မလဲ   စံလဲအရွယ်ရောက်နေပါပြီနော် စိတ်မပူပါနဲ့"

မောင့်ရင်မှာ အမြင့်စံ(completed)Where stories live. Discover now