"ဖိုးထောင် ဘာတွေလဲ ပလိုင်းထဲက"

"ပုစွန်လုံးတွေလေ ကိုကြီးနှိုင်းတုရ "

"ဟုတ်လား မင်းဖမ်းလာတာလား"

"ဟုတ်တယ်ကိုကြီး ဒီနေ့ကျွန်တော် ဦးကြီးသာလှစပါးခင်းထဲက သွားဖမ်းလာတာလေ ဟိုကောင်ဂွတို တို့နဲ့ "

"အော် ငါကိုင်ကြည့်လို့ရလား"

"ရတာပေါ့ ကိုကြီးနှိုင်းတုက ကြည့်ချင်လို့လား"

"အင်း "

ဖိုးထောင်က ပလိုင်းကြီးချပြီးပြသောကြောင့် ပလိုင်းထဲမှလှုပ်ရွလှုပ်ရွနှင့် ပုစွန်လုံး တစ်ကောင်ကို လက်ဖျားလေးနှင့် ကောက်ကိုင်ကြည့်တော့ ပုစွန်ကရုန်းသည်မို့ လွတ်ထွက်သွားသည်။

"ကိုကြီးကလဲဗျာ လက်ဖျားလေးနဲ့ ကိုင်မှတော့လွတ်ပြီပေါ့ "

ဖိုးထောင်ခင်ဗျာ ပုစွန်အပြင် ငါးရံ့တစ်ကောင်နှစ်ကောင်လဲ နှိုင်းကောင်းမှုကြောင့် လွတ်ထွက်ကုန်သည်မို့ လိုက်ဖမ်းရသေးသည်။နှိုင်း ဤသည်ကိုပင် သဘောတကျရယ်နေမိခြင်း။ဖိုးထောင်က နှိုင်းရောက်စထဲက ဖော်ဖော်ရွေရွေနှင့် အဖော်လာလုပ်ပေးတတ်သေးသည်။သူကတော့ပြောသည် ကိုကြီးလက်ရုံးခိုင်းလိုက်တာတဲ့။နှိုင်းပျင်းနေမှာ ဆိုးလို့တဲ့။မည်သို့ပင်ဆိုဆို နှိုင်း ဖ်ိုးထောင်ကိုတော့ သဘောကျပါသည်။အပြန်ပြောသွားသေးသည် ကိုကြီးနှိုင်းတု စားဖို့ အိမ်ကိုတစ်၀တ်ထားခဲ့မယ်တဲ့။

"ခင်ဗျား ဖိုးထောင်နဲ့ဘာတွေပြောပြီး
ရယ်နေကြတာလဲ "

"ဖိုးထောင်က ပုစွန်လုံးတွေဖမ်းလာတာလေ "

"အဲ့တော့ "

"ငါတို့ ပုစွန်လုံး‌‌ေကြာင့်ရယ်နေတာပါ
ဒါနဲ့ မင်းပြီးပြီလား "

"နဲနဲ ကျန်သေးတယ် ခင်ဗျားပူလို့လား
ပြန်ချင်လို့လား အာ့ကြောင့်ကျုပ်ပြောတာ
မလိုက်ခဲ့... "

"ရော့ ရေသောက်
မောနေပြီမလား"

လက်ရုံးစကားပင်မဆုံးလိုက် ရေခွက်ကြီးထိုးပေးပြီး ဇွတ်သောက်ခိုင်းနေသည်မို့ ယူသောက်လိုက်ရသည်။

မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]Where stories live. Discover now