" မင်း အမတွေဆီကို ဖုန်းဆက်စေချင်တယ် ၊ ဘာပဲပြောပြော သူတို့ကမင်းကိုကျိန်းသေမျှော်နေကြတာပါ "

" ကျွန်တော် ----"

တကယ်လဲ ဘယ်သူ့ကိုမှအဆက်အသွယ်မလုပ်
ဖြစ်တာမို့ အခုချိန်ကျမှပြန်ဆက်သွယ်ဖို့အတွက် အားမွေးနေရသေးသည် ။

" သူတို့ကို မင်းပြန်ရောက်လာတာ မပြောရသေးဘူး ၊ မင်းမိသားစုတွေကို မင်းကိုယ်တိုင်ဆက်သွယ်တာပိုကောင်းမယ်လို့တွေးလိုက်မိလို့ ၊ မင်းတူမလေးက စကားသိပ်တက်တယ် ၊ သူတို့နဲ့ပြန်ပြီးအဆက်အသွယ်ရတဲ့အခါကျတော့ ဂျွန်လေးလဲအဖော်ရတာပေါ့ ၊ သူ့မှာလဲ မိသားစုအဖော်ရှိသင့်တယ်လေ "

ကိုယ့်မိသားစုအကြောင်းကို စိတ်လိုလက်ရပြောလာတဲ့သူကြောင့် အံ့သြရပါသေးတယ် ။ သူကတော့ကိုယ့်စိတ်ကိုသိနေတဲ့သူအလား စကားကိုဆက်ပြောပြန်၏ ။

" ဟိုးအရင်က ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ မင်းထွက်သွား
ပြီးတဲ့နောက်ပိုင်းမှာ သဲနုငယ်တို့မိသားစုကို ငါအမြဲဆက်သွယ်ဖြစ်တယ် ၊ ဘယ်လိုပြောရမလဲ မင်းရဲ့တစ်ဦးတည်းသော သွေးသားအရင်းအချာမဟုတ်လား ၊ ငါ့ရဲ့အတိတ်ကအဖြစ်အပျက်တွေကိုမေ့ထားလိုက်ပြီး မင်းရဲ့အမဆိုတဲ့အသိကိုပဲမွေးလိုက်တော့ အဆင်ပြေသွားတာပါပဲ ၊ ဘာပဲဖြစ်ဖြစ် မင်းအိမ်ပြန်လာဖို့မျှော်နေတဲ့သူတွေထဲမှာ ငါနဲ့မင်းအမက
ထိပ်ဆုံးကပါပါတယ် ၊ မင်းကို ဘယ်သူကမှမချစ်ဘူးလို့ထင်နေတဲ့အချိန် မင်းကိုသိပ်ချစ်တဲ့သူတွေကရှိနေတာပါ ၊ တစ်ချို့အချစ်တွေက ဝန်ခံလိုက်ဖို့အတွက် ခက်ခဲနေတဲ့အချိန် အမှားတွေကိုပါထပ်ပေါင်း
လုပ်မိလေတော့ ခံရတဲ့တစ်ဖက်လူအတွက် စိတ်
ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားစေတာပါပဲ ၊
အမှန်တော့ ကိုယ်ကမင်းကို မြင်မြင်ချင်းထဲကချစ်ခဲ့မိတာ "

အရင်တုန်းကသာ ဒီလိုစကားတွေကိုကြားခဲ့ရရင်
ကိုယ်အရမ်းပျော်မှာသေချာပေမယ့် အခုချိန်မှာတော့ လူရောစိတ်ရောကတည်ငြိမ်နေလေပြီ ။
လောကဓံရဲ့အထုအထောင်းခံရမှုတွေကြောင့်
ရင့်ကျက်သွားခဲ့ရတာများလား ။

" ဒါတွေကို အခုချိန်မှပြန်ပြောနေတော့လဲ ဘာမှထူးမလာတော့ပါဘူး ၊ ပြီးခဲ့တာတွေကိုရှိပါစေတော့ "

My Oleander Hubby ( Completed ) Where stories live. Discover now