Part - 33

29.7K 2.1K 113
                                    

Part - 33

                 My Oleander Hubby

( လေးနှစ်ခန့်ကြာခဲ့လေသော် )

အလုပ်ကနေ အိမ်ကိုစောစောပြန်ရောက်တဲ့
နေ့တွေဆို အမြဲတမ်း ယောင်ချာချာဖြစ်နေကျပါ ။ အခြားလုပ်ငန်းရှင်တွေနဲ့ချိန်းပြီး သောတ်တာစား
တာမျိုးလဲမလုပ်ချင် ။ နောက်ဆုံးတော့ အိမ်ကို
စောစောပြန်ရောက်တဲ့နေ့တွေတိုင်းမှာ ရာဇ်နဲ့
ကိုယ် အတူတူနေခဲ့ဖူးတဲ့အခန်းလေးကို သန့်ရှင်း
ရေးဝင်လုပ်ဖြစ်သည်။

ပြန်လာဖို့မသေချာတဲ့လူတစ်ယောက်ကို
သူထားခဲ့တဲ့နေရာလေးကနေပဲ စိတ်ရှည်စွာ
စောင့်ဆိုင်းတက် ဖို့ဆိုသည့် သင်ခန်းစာကို
ကိုယ့်အနေနဲ့ ကောင်းစွာတက်မြောက်ခဲ့လေ
သည် ။ ပြန်လာခြင်းမလာခြင်းက သူ့သဘော
သူ့ဆုံးဖြတ်ချက်ဖြစ်သလို စောင့်နေရမှာက
ကိုယ့်တာဝန်ပဲမဟုတ်ပါလား ။

အခန်းထဲကပစ္စည်းတွေအားလုံးကို ရာဇ် နဲ့အတူ
နောက်ဆုံး ရှိခဲ့တဲ့နေ့တုန်းကအတိုင်း ခြေရာ
လက်ရာမပျက်ထားဖြစ်ခဲ့ပြီး အခန်းထဲကိုလဲ
ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှပေးမဝင်ခဲ့ ။
အရာအားလုံးကို ရာဇ်ရှိတုန်းကအတိုင်းမပြောင်းမလဲရှိစေခြင်းဖြင့် သူနဲ့ကိုယ်အရမ်းကြီးဝေးကွာ
သွားခြင်းမရှိဘူးလို့ ခံစားနေရတဲ့ခံစားချက်လေးကို
မက်မောတန်ဖိုးထားလှသည် ။

အခန်းထဲမှာ ထပ်ဖြည့်ထားတဲ့ပစ္စည်းအသစ်ဆို
လို့ အတူတူရှိခဲ့တဲ့နောက်ဆုံးညနေက ရာဇ်ကို
ဝယ်ပေးမယ်ပြောထားခဲ့သည့် ဂီတာအသစ်လေး
တစ်လက်သာ ။ ထိုဂီတာလေးက အခုချိန်မှာ
တော့ ကိုယ်အိပ်မပျော်တဲ့ ညအချိန်တိုင်းအဖော်
ပြုပေးနေသည့် ရာဇ်ကိုယ်ပွားလေး ဖြစ်လာခဲ့
သည် ။ တစ်ချိန်က ညဘက်ဂီတာတီးလို့ ရာဇ်
ကို ကိုယ်ဆူခဲ့ပြောခဲ့တာတွေကို နောင်တကယ်
ရနေမိပါပြီ ။

ထွက်သွားသူနဲ့ကျန်ခဲ့ရတဲ့သူမှာ ကျန်ခဲ့ရတဲ့
သူကပိုပြီးခံစားရတယ်ဆိုတဲ့စကားကို ကိုယ်
ကတော့လက်မခံပါ ။ ကျန်နေခဲ့ရတဲ့ကိုယ်က
ခံစားနေရသလိုပဲ ထွက်သွားခဲ့တဲ့ရာဇ်ကိုယ်တိုင်
လဲ အရူးတစ်ပိုင်းဖြစ်ခဲ့ရှာမှာပါ ။ စစ်မှန်စွာချစ်
ပေးခဲ့တဲ့သူက ရာဇ်ပဲလေ ။

My Oleander Hubby ( Completed ) Where stories live. Discover now