Part - 15

28.2K 1.9K 49
                                    

Part - 15

                My Oleander Hubby

" သက်သာလား ဘယ်လိုနေသေးလဲ "

"  သက်သာနေပြီ "

ရာဇ် အိပ်ယာထဲလှဲနေရတာ လေးရက်ရှိနေပြီဖြစ်ပြီး
သေသေချာချာလဲဂရုစိုက်ထားတာမို့ လူကတော်တော်သက်သာသွားပါပြီ ။ ဒီရက်တွေထဲမှာ ရာဇ်က
အရင်ထက်ကို ပိုပြီးတိတ်ဆိတ်သွားကာ စကားလဲ
နည်းသွားပါတယ် ။ အိပ်ပျော်နေတဲ့အချိန်ကလွဲရင်
ကျန်တဲ့အချိန်တိုင်းမှာ ရာဇ်ရဲ့မျက်နှာဟာ ရေခဲပြင်တမျှ အေးစက်မာကျောနေတက်လို့ အိမ်ကအလုပ်သမားတွေတောင် အနားကိုမကပ်ရဲကျတော့ပါ ။

" ဘာစားချင်တာရှိလဲ ၊ ကိုယ်မှာပေးမယ် "

" ဘာဖြစ်ဖြစ်ရတယ် "

ကိုယ့်ကို တစ်ချက်မှလှည့်ကြည့်မလာတဲ့ ရာဇ်ကို
ကြည့်နေမိရင်း သက်ပြင်းသာချနေမိတော့သည် ။
တကယ်ဆို ဒီရက်ထဲမှာ ကိုယ့်ဘာသာလဲ အများ
ကြီးပြန်သုံးသပ်ဖြစ်တယ် ။ အရှေ့မှာဖြစ်ခဲ့ဖူးတဲ့
ပြဿနာတွေကြောင့် ဒီကောင်လေးအနားကို
ရောက်အောင်ကပ်ခဲ့တာဆိုရင်တောင် သူ့ကို
သဘောကျခဲ့မိတာကအမှန်တရား ။ ကိုယ့်အကျင့်အတိုင်း အရာရာကို အနိုင်နဲ့ပိုင်းချင်စိတ်ကြောင့်
ဝန်မခံခဲ့ပေမယ့် ရာဇ်ကိုတော့ အဆုံးရှုံးမခံချင် ။

တဖက်မှာလဲ ရာဇ်က သဲနုငယ်ရဲ့မောင် ၊ နောက်ပြီး
ပိုက်ဆံကြောင့်သာ ကိုယ့်ဆီကိုအလွယ်တကူ
တိမ်းညွှတ်လာတယ်ဆိုတဲ့အသိကြီးက ဖျောက်
ဖျက်မရသေး ။ အဲလိုစိတ်တွေရှိသည့်တိုင် ရာဇ်ကိုရအောင်လက်ထပ်ယူမယ်ဆိုတဲ့ အတွေးဝင်လာခဲ့လို့ မင်္ဂလာပွဲကိုရအောင်စီစဉ်ခဲ့မိတာက အမုန်း
တရားတွေကို ပိုကြီးလာစေသလားပဲ ။

သဲနုငယ်ကို လက်တုန့်ပြန်ဖို့အတွက် အခြားနည်း
လမ်းတွေအများကြီးရှိသည့်တိုင် ရာဇ်ကိုပဲ အပိုင်
သိမ်းဖို့ပဲတွေးနေမိတာက ဒီကောင်လေးကို ကိုယ်
မျက်စိရှေ့မှာ အမြဲမြင်တွေ့လိုတဲ့စိတ်တစ်ခုကြောင့်ပါပဲ ။ ဒါကို အချစ်လို့.ခေါင်းစဉ်တပ်လာရင်တော့
ချက်ချင်းငြင်းဆန်မိပါလိမ့်မယ် ။ ကိုယ်တိုင်လဲ
အချစ်နဲ့အမုန်း ၊ အပူနဲ့အအေး ယှဉ်တွဲပြီး လွန်ဆွဲ
နေရတာမို့ စိတ်ပျက် ပင်ပန်းလှပြ်ီ။ ကိုယ်လဲ တစ်
ချိန်တုန်းက နစ်နာခဲ့ရသူတစ်ယောက် ဖြစ်ခဲ့သူ
ပါလေ ။

My Oleander Hubby ( Completed ) Where stories live. Discover now