Part - 41

27.7K 1.9K 109
                                    

Part - 41

                 My Oleander Hubby

" ကျွန်တော်အပြင်ကိုသွားစရာရှိလို့ သားကိုကြည့်ထားပေးလို့ရမလား "

ညက တစ်ညလုံးလိုလိုမအိပ်တဲ့သူက အခုမနက်ဆိုင်ကိုပိတ်ထားသည် ။ မနက်စာအတွက် သားကိုမုန့်ကျွေးနေတုန်း ကိုယ့်ဘေးနားမှာလာရပ်ကာ ပြောလိုက်တဲ့စကား ။ မသွားပါနဲ့လို့ တားပိုင်ခွင့်မရှိ။
ဘယ်ကိုသွားမှာလဲလို့ မေးပိုင်ခွင့်မရှိ။ ကိုယ်ဟာ
သူနဲ့ဆိုင်ခဲ့ဖူးသည့် သူစိမ်းတစ်ယောက်ပဲလေ ။ ဘာတွေများဝင်ရောက်စွတ်ဖက်ခွင့်ရှိမှာလဲ ။ နောက်ပြီး ဒီအကြောင်းတရားတွေအားလုံးဟာ
ကိုယ်အပြစ်တွေဆီကနေသာ မြစ်ဖျားခံလာတာဖြစ်သည်။

" ခင်ဗျား အဆင်မပြေဘူးလား ၊ အဆင်မပြေရင်လဲ
သားကို ကျွန်တော်ပဲခေါ်သွား ---"

" ရတယ် ရတယ် သားကိုကိုယ်ပဲကြည့်ထားလိုက်ပါမယ် ၊ မင်း အေးအေးဆေးဆေးသာသွား "

ရာဇ်ပြောလာမယ့်စကားမဆုံးသေးခင်ပဲ ကိုယ်ကစကားကိုဖြတ်ပြောလိုက်မိသည် ။ ဘယ်သူ့ဆီကိုသွားမယ်ဆိုတာကိုသိနေတာပဲလေ ။ ဘာကြောင့်များ
သားကိုအတူထည့်ပေးရမှာလဲ ။ ရာဇ်ကိုတားပိုင်ခွင့်
မရှိပေမယ့် သားကိုတော့ဆွဲခေါ်ထားချင်သေးပါသည် ။

" အင်းပါ ၊ ကျေးဇူးပဲ ကျွန်တော်လဲအရမ်းမကြာလောက်ပါဘူး ၊ နောက်ပြီး ကျွန်တော်သွားမှာက --"

" ဒယ်ဒီ! ! ဂျွန် ဝပြီ "

ရုတ်တရက်ကြားလိုက်ရတဲ့ သားရဲ့အသံက ကိုယ့်အတွက်ကယ်တင်ရှင်သာ ။

" ဝပြီလား ဒါဆိုပါးစပ်တွေ ဆေးရအောင်လေ ၊ လာခဲ့ ဒယ်ဒီလုပ်ပေးမယ် "

သားကို ဘေစင်ဆီခေါ်သွားပြီး ပါးစပ်တွေဆေးပေး
ပြီးတာနဲ့ ချီလိုက်ပြီး ထမင်းစားခန်းအပြင်ကိုထွက်ဖို့
့ပြင်လိုက်သည် ။ တဆက်ထဲရာဇ်ဘက်ကိုလှည့်ကြည့်လိုက်ကာ ----

" ကိုယ် သားနဲ့သွားဆော့ပေးလိုက်ဦးမယ် ၊ မင်း အပြင်သွားမယ်ဆိုရေချိုးတော့လေ "

ရာဇ်ဆီကနေ ဘာစကားမှပြန်ပြောမလာခင်ဘဲ
သားနဲ့တူတူအိပ်ခန်းဆီကိုဝင်လာလိုက်သည် ။ ရာဇ်ကတော့ရေချိုးပြီးတာနဲ့ အပြင်ကိုထွက်သွားလေ၏ ။

My Oleander Hubby ( Completed ) Where stories live. Discover now