Part - 38

32.5K 2.1K 74
                                    

Part - 38

                 My Oleander Hubby

" မနက်ကိုဆေးရုံကနေဆင်းလို့ရပြီလို့ ဆရာဝန်ကြီးကပြောလိုက်တယ် "

ဆရာဝန်ကြီးနဲ့သွားတွေ့တဲ့ ရာဇ်က အခန်းထဲပြန်ရောက်ရောက်ချင်း ပြောလာတဲ့စကား ။ ကိုယ်ဆေးရုံ
တက်နေရတဲ့ရက်တွေမှာ ရာဇ်က အောက်ခြေသိမ်း
ဝေယျာဝစ္စအကုန်လုပ်ပေးပေမယ့် မလိုအပ်တဲ့
စကားတွေကို များများစားစားမပြော ။ အပြုံးအရယ် ဆိုတာလဲ မတွေ့ရ ။

တာဝန်နဲ့ဝတ္တရားအရ ဒီအတိုင်း လုပ်ပေးနေတာမျိုး ။ သို့ပေမယ့်လဲ လစ်ဟင်းမှုမရှိအောင်တော့ ဂရုစိုက်ပေးရှာသည် ။ သူ့ဆိုင်ကိုပိတ်ထားပြီး ဆေးရုံမှာသာ အချိန်ပြည့်လိုလိုနေတက်သည် ။ ကိုယ်စားဖို့သောက်ဖို့အတွက်တော့ တစ်နေ့ကိုနှစ်ခေါက်အိမ်ပြန်
ချက်ပေးရှာသည် ။ သူပင်ပန်းနေရတာကို မြင်တာနဲ့သိနေရပေမယ့် ရာဇ်ကတော့ တစ်ချက်ကလေးမှ
ညည်းညူးတာမျိုးမရှိခဲ့ ။

ဒီကြားထဲ နေကောင်းပြီးမှာ မျောက်ရှုံးအောင် ကဲသည့်သားကို သူ့မျက်စိအောက်ကနေ တစ်ချက်လေးမှအလွတ်မပေးတော့ ။ နောက်ပြီး သားကိုလဲ
ကိုယ့်ဒဏ်ရာတွေကိုထိခိုက်မိမှာစိုးလို့
ဟန့်တားတာမျိုးကလွဲရင် ကိုယ့်နဲ့မဆုံလေအောင်
သီးသီးသန့်သန့်ခွဲထားတာမျိုးမရှိ ။ ဂျွန်ကတော့
ကိုယ်ဆေးရုံတက်နေရတဲ့ ကာလတစ်လျှောက်လုံးမှာ အချိန်ပြည့်နီးပါး ကိုယ်နဲ့အတူရှိနေရတာကြောင့်
သားအဖဆက်ဆံရေး ပိုလို့တောင်ရင်းနှီးလာရ
သည် ။

အဖေနှစ်ယောက်ရှိချိန်တွေဆို ကိုယ့်ကိုသိသိသာသာပိုကပ်လွန်းတဲ့သားကို့ သူ့ပါးပါးကွယ်တာနဲ့
တိုးတိုးသက်သာသင်ထားရသေးသည် ။ ပါးပါးကို
ပိုချစ်ပေးဖို့ ၊ ပါးပါးစကားနားထောင်ဖို့နဲ့ ပါးပါးစိတ် မကောင်းဖြစ်အောင် ပြန်ခံမပြောဖို့အတွက်တွေပေါ့ ။

ဂျွန်က ကိုယ့်သားလေးဖြစ်နေခြင်းဟာ ကိုယ့်အတွက်တော့ အစစအရာရာကံကောင်းခြင်းပါပဲ ။
ကံအကောင်းဆုံးတစ်ချက်အနေနဲ့ ဂျွန်က သိပ်ကိုလူရည်လည်လွန်းပြီး အရိပ်အကဲလဲ သူများကလေးတွေသိတာထက်ကို သူကပိုသိနေတက်တဲ့
ကလေးဖြစ်နေတာပါပဲ ။

My Oleander Hubby ( Completed ) Where stories live. Discover now