Part -44

30.4K 2K 35
                                    

Part - 44

                 My Oleander Hubby

အခန်းထဲကိုဝင်လိုက်တာနဲ့ သင်းပျံ့ပျံ့မွှေးရနံ့က နှာခေါင်းဝကိုလာရောက်ကျီစယ်လေသည် ။ ဟိုးအရင်အချိန်တုန်းကအတိုင်းပဲ အခန်းကသန့်ရှင်းသပ်ရပ်နေမြဲ ။ အရင်တုန်းကနဲ့မတူတာဆိုရင်တော့ အခန်းရဲ့နံရံပတ်ပတ်လည်မှာရှိနေတဲ့ ဓာတ်ပုံတွေပါပဲ ။

မှန်ဘောင်သွင်းပြီး ချိတ်ဆွဲထားတဲ့ဓာတ်ပုံတွေထဲမှာ
သူနဲ့ကိုယ်ရဲ့တစ်ယောက်ချင်းစ်ီပုံတွေပါသလို ကိုယ်တွေရဲ့ မင်္ဂလာဆောင်တုန်းကပုံတွေလဲပါသည်။
နောက်ဆုံးပြင်ဦးလွင်မှာရှိခဲ့တဲ့အချိန်တုန်းက သားနဲ့အတူတူသုံးယောက်ရိုက်ခဲ့တဲ့ပုံကလဲ အခန်းရဲ့ထောင့်ဘက်မှာ ကြွားကြွားဝံ့ဝံ့နေရာယူလို့ ။ တစ်ချိန်က ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေနဲ့ဆိုင်သည့်
အမှတ်တရတွေအများအပြားရှိခဲ့သည့်အခန်းမို့ အခုချိန်မှာပြန်ပြိီးအခြေချဖို့မဝံ့ရဲ ။ ဘဝရဲ့အမှတ်တရတွေကို ပြန်မြင်ယောင်လာစေသည်။

" သား နဲ့ ကျွန်တော် အခြားအခန်းမှာနေမယ် "

ကိုယ့်စကားကြောင့်သားကိုချီထားတဲ့သူက နောက်ကိုလှည့်ကြည့်လာသည် ။ ပြီးတာနဲ့သားနဲ့ချက်ချင်းမျက်နှာချင်းပြန်ဆိုင်လိုက်ကာ ----

" ဂျွန်! !! ဒီအခန်းကိုသဘောကျလား ၊ ဒယ်ဒီက ဟိုထောင့်လေးမှာ သားအတွက်ငါးမွေးကန်လေး
လုပ်ပေးမလားလို့ "

ထုံးစံအတိုင်း ကိုယ့်စကားကိုအရေးမစိုက်ဘဲ သားကိုသာမဲဆွယ်နေလေပြီ ။ ဒီလူဟာလေ တွေ့တာနဲ့ကိုအကြောမတည့်ချင်စရာပါ ။

" တဘောကျရယ် ၊ ဒီမှာနေမယ်ရေ ၊ ကျယ်ကြီးပဲ
အဟိ "

သားဆီကစကားပြန်ရတာနဲ့ အောင်နိုင်သူလိုမျက်
နှာနဲ့ ကိုယ့်ဘက်ကိုပြန်လှည့်လာကာ ---

" သားက ဒီမှာနေမယ်တဲ့ "

ကိုယ်ကိုသက်သက်မဲ့ အကျင့်ပုတ်နေမှန်းသိတာမို့ ---

" ခင်ဗျားအကြောင်းမသိရင်ခက်မယ်နော် ၊ အကျင့်ကိုက "

ကိုယ့်စကားကြောင့် မလုံသလိုမျက်နှာနဲ့ရီပြလာရင်း ---

My Oleander Hubby ( Completed ) Where stories live. Discover now