"ကျစ် ခင်ဗျားကို ကျုပ်မပြောဘူးလား
ဂရုစိုက်လျှောက်ပါဆိုတာ""ဒီမှာ ငါလဲ ဂရုစိုက်လျှောက်နေတာပဲလေ"
"လျှောက်ပြောမနေနဲ့ ဂရုစိုက်ရင် ချော်လဲပါ့မလား
ကျုပ်တောင်မလဲဘူး"သူက လျှောက်နေကျလေ လဲပါ့မလား။ပြီးတော့ ကန်သင်းက နဲနဲမြင့်ပြီး ကျဉ်းနေတာကို လူက်ိုအပြစ်လာပြောတော့ စိတ်ကတိုချင်လာရသည်။သူကတောသားလေ ဒီလမ်းတွေ မချော်တာ အဆန်းမဟုတ်။နှိုင်းက ခုမှဒီလိုတောကို ရောက်ဖူးတာ ဘယ်တူမလဲ။ဒါကို တန်းလာညှိနေသေးသည်။အမြင်ကပ်စရာပင်။ဦးကြီးနှင့် အရီးဆို နှိုင်းကို သဲသဲလှုပ်။ဒီကောင်လေးက နှိုင်းထက်လည်းငယ်သေး နှိုင်းကိုဆို အမြဲ မျက်မှောင်ကြီးကြုတ်ပြီး ဘာတွေအလိုမကျလဲမသိ။သူအလိုမကျတာရှိလဲ နှိုင်းကတော့ မပြင်ပေးနိုင်ပါဘူး ဟွင့်။
နှိုင်း ရန်ပြန်တွေ့ရန်ကြံကာမှ မိမိခါးထက်မှ မြဲမြဲမြံမြံနှင့် သန်မာသော လက်ကြီးတစ်ဖက်။
"မင်းလက် ဖယ်အုံးလေ "
ဟင် လက်ရုံး အခုမှပြန်ကြည့်မိသည်းအစောက သူ့အော်သံကြားသည်နှင့် အလောတကြီး ဖမ်းလိုက်မိတာ။
လက်ရုံးလက်က အကျီစလွတ်နေသော သူ့ခါးသိမ်သိမ်လေးကို ဖမ်းဆုတ်မိလျှက်သားဖြစ်နေသည်။ကျစ် ဒီလူ ဘာမှမစားဘူးထင်တယ်။ခါးလေးက ဒီလောက်သေးနေတာ။"မင်း လက်ဖယ်အုံးလို့ ပြောနေတာ"
နှိုင်းပြောသည်ကို တန်းမဖယ်ပဲ နှိုင်းခါးနှင့် ဗိုက်သားလေးပေါ်ရောက်နေသော သူ့လက်ကြီးကို စိုက်ကြည့်နေ
သည်မို့ ထပ်ပြောကာမှ"အော် အင်း "
"ရပီ ဟွန့်!"
သူ့စွတ်ကျယ်လက်တိုလေးကို လှန်ကာ လက်ရုံးလက်ကြီးကြောင့် ရဲစုတ်သွားသော သူ့ဗိုက်သားလေးကိုကြည့်ပြီး လက်ရုံကြောင့်ဟု ပြောကာ အပြစ်တင်သွား သေးသည်။ဟုတ်ေတာ့လည်း ဟုတ်သည်။အတော် နီမြန်းသွားရှာသည်။သို့သော် လက်ရုံးလည်းမတတ်နိုင် သာသာလေးဖမ်းလိုက်တာပဲလေ။ဒီလူ့အသားအရည်ကကို ကိုင်မိရုံနဲ့ ကြွေသွားမည့် အသားအရည်မျိုး။
YOU ARE READING
မောင့်ရဲ့နှိုင်း (သို့မဟုတ်)နှိုင်းတုမမှီ [COMPLETED]
Short Story"ထွက်သွားခိုင်းလဲ ထွက်မသွားမယ့် ကျွန်တော်မလို့ အကိုသာ ခါးသိမ်သိမ်လေးတွေကို မတွန့်တိုကြေး"